အသက် ၁၃ နှစ်အရွယ်၊ Nadia Sparks ဟာ အင်္ဂလန်နိုင်ငံ Norwich မြို့မှာ ပညာသင်ယူနေတဲ့ ကျောင်းသူတဦးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ သူမဟာ ကျောင်းသွားတဲ့ လမ်းတလျှောက်က အမှိုက်တွေကို နေ့စဉ်နေတိုင်း ကောက်ယူပြီး ပိုမိုလှပတဲ့ ပတ်ဝန်းကျင်တခုကို တည်ဆောက်ချင်သူလည်း ဖြစ်ပါတယ်။
သူမ ကောက်ယူခဲ့တဲ့ အမှိုက်အများစုဟာ ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ် အမျိုးအစားတွေဖြစ်ပြီး ပရောဂျက် စတင်ချိန်ကနေ လက်ရှိအချိန်အထိ ပလတ်စတစ်ပေါင်း လီတာ ၁၁၀၀ ခန့်ရှိနေပြီလည်း ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်အတွက် တနိုင်တပိုင် ပရောဂျက်ပြုလုပ်နေတဲ့ သူမကို ကျောင်းက သူငယ်ချင်းတွေက အမှိုက်မလေးလို့ လှောင်ပြောင် ခေါ်ဆိုလေ့ရှိကြပေမယ့် သူမ အနေနဲ့တော့ ဒါတွေကို ဂရုမစိုက်ခဲ့ပါဘူး။ Team Trash Girl ဆိုတဲ့ Facebook Page တခုပြုလုပ်ကာ တခြားသူတွေကိုပါ သူမရဲ့ပရောဂျက်မှာ ပါဝင်လာအောင် တိုက်တွန်းစည်းရုံးမှုတွေကိုသာ ပြုလုပ်ခဲ့ပါတယ်။
“ကျမ တတ်နိုင်တဲ့ဘက်ကနေ သဘာဝပတ်ဝန်းကျင်ကို ကူညီနိုင်ဖို့ ကြိုးစားနေတာပါ။ဘာမှ မလုပ်တာထက်စာရင် တယောက်နဲ့တယောက် အချင်းချင်း ကူညီပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အတူတူဖြေရှင်းနိုင်ဖို့က ကျမရဲ့ရည်ရွယ်ချက်ပါ” လို့ သူမက အင်တာဗျူးတခုမှာ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သူမ စတင်ခဲ့တဲ့ ဒီအသေးစား ပရောဂျက်လေးကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သံတမန်အဖြစ် အပ်နှင်းခံခဲ့ရပြီး နိုင်ငံတကာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုတွေနဲ့ အသိအမှတ်ပြုမှုတွေကို လက်ခံရရှိနေပြီပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး အသိအမှတ်ပြုမှုတွေကြောင့်ပဲ ကျောင်းနေဘက် သူငယ်ချင်းတွေရဲ့ မနာလိုဝန်တိုမှုကို ခံရကာ ကျောင်းပြောင်းကျောင်းရွှေ့ ပြုလုပ်ရတဲ့ အထိပါ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ ကျောင်းအသစ်တခုမှာ ပညာသင်ယူနေပြီး သူမရဲ့ Page ဟာဆိုရင်လည်း ထောက်ခံပါဝင်သူ အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲမှာ မဟုတ်ကြောင်း အာနိုးပြော
အမျိုးသမီးများ ဓမ္မတာလာစဉ် အသုံးပြုရသည့် ဆီလီကွန်ခွက်များ စတင်အသုံးများလာ
ပလတ်စတစ် သုံးစွဲခြင်းကို တားဆီးပိတ်ပင်ထားတဲ့ နိုင်ငံနဲ့ မြို့များ
ရှေ့နေလုပ်ဖို့ ဥပဒေပညာကို သင့်ယူမယ့် မော်ဒယ် Kim Kardashian