Trend

လူမဟုတ်ဘဲ အရာဝတ္ထုပစ္စည်းတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပုဂ္ဂိုလ်များ

Want create site? Find Free WordPress Themes and plugins.

အိမ်ထောင်ပြု လက်ထပ်ကြတယ်ဆိုရာမှာ လူတဦးနဲ့ တဦးသာ လက်ထပ်ကြတယ်ဆိုတာ သဘာဝပါ။ အခုဖော်ပြပေးမယ့် လူထူးဆန်းတွေကတော့ လူ မဟုတ်ဘဲ အရာဝတ္ထုပစ္စည်းတွေနဲ့ လက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

(၁) Devecat ဆိုတဲ့ အမျိုးသားကတော့ ၂၀၀၀ ပြည့်နှစ်လောက်တည်းက လူနဲ့တထပ်တည်းနီးပါး ဆင်တူတဲ့ Sidore Kuroneko ဆိုတဲ့ ရာဘာအရုပ်မနဲ့ လက်ထပ်ခဲ့တာပါ။ အရုပ်မနဲ့ လက်ထပ်ခဲ့တဲ့ သူ့ကို လူအများက နားမလည်နိုင်ဖြစ်ကြပေမယ့် သူကတော့ သူရဲ့ပျော်ရွှင်မှု အစစ်အမှန်ကို ကိုယ်တိုင် တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

(၂) ဗြိတိန်အနုပညာရှင်တဦးဖြစ်တဲ့ Tracey Emin ကတော့ ပြင်သစ်နိုင်ငံ ပန်းဥယျာဉ်တခုက ကျောက်တုံးတတုံးနဲ့ လက်ထပ်ခဲ့တာပါ။ သူမကတော့ ရုပ်ပိုင်းဆိုင်ရာ ရှုမြင်ခံစားမှုတွေထက် စိတ်ခံစားမှုအရ ရစ်ပတ်ဆက်နွယ်မှုတွေကိုသာ ယုံကြည်တာကြောင့် လက်ထပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၃) Aaron Chervenak ဆိုတဲ့ အမျိုးသားကတော့ သူ့ရဲ့စမတ်ဖုန်းနဲ့ လက်ထပ်ခဲ့တာပါ။ ဒါဟာ ရူးနှမ်းမှုသက်သက်ပဲ ထင်မြင်နိုင်စရာ ရှိပေမယ့် အခုလို နည်းပညာခေတ်မှာတော့ လူသားတွေရဲ့ စမတ်ဖုန်းစွဲလမ်းမှုကတော့ မြင့်တက်လာ နေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့စမတ်ဖုန်းဟာ သူ့ကို စိတ်ခံစားမှု အနိမ့်အမြင့် အမျိုးမျိုးကို ပေးစွမ်းနိုင်တာကြောင့် လက်ထပ်ခဲ့တာဖြစ်တယ်လို Aaron က ဆိုပါတယ်။

(၄) Akihiko Kondo ဆိုတဲ့ ဂျပန်အမျိုးသားကတော့ သုံးဖက်မြင် Hologram တခုနဲ လက်ထပ်ထားတာပါ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ လက်ထပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့လပ်ထပ်မှုကို တရားဝင်အဖြစ် မသတ်မှတ်ကြပေမယ့် သူကတော့ ဒီ Hologram ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မြတ်နိုးသူတဦး ဖြစ်ပါတယ်။

(၅) Pascale Sellick ဆိုတဲ့ အမျိုးသမီးကတော့ သူမရဲ့ အိပ်ရာနဲ့ လက်ထပ်ထားတာပါ၊ “လူအချင်းချင်းမှ လက်ထပ်ရမယ်လို့ ကျမတခါမှ မထင်မြင်ခဲ့ပါဘူး၊ ကိုယ်ကြိုက်နှစ်သက်တာတွေနဲ့လည်း လက်ထပ်ခွင့် ရှိတာပဲ၊ ချစ်သူများနေ့လိုနေ့မျိုးမှာလည်း ချစ်သူ မရှိလို့ တခါမှ အားမငယ်ဖူးဘူး၊ ကျမ အိပ်ရာရှိနေသရွှေ့ အထီးကျန်တယ်လို့ ဘယ်တော့မှ ခံစားရမှာမဟုတ်ဘူး” လို့ သူမက ဆိုပါတယ်။

Ref. brightside.me

You may also like these stories:

ကလေးငယ်ရှိတဲ့ မိဘတွေအတွက် အင်္ကျီပုံစံ အသစ်ထွင်လိုက်တဲ့ အမျိုးသား

မီးပြတ်တဲ့အခါ မပျင်းရအောင် ဘာတွေ လုပ်သင့်သလဲ

မန္တလေးရှိုးအတွက် ရင်ခုန် စိတ်လှုပ်ရှားနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

အလှအပအတွက် မျက်နှာ ခွဲစိတ်ကုသမှု လုပ်ရမှာ ကြောက်တဲ့ နန်းသူဇာ

Did you find apk for android? You can find new Free Android Games and apps.
Loading