ဖော်မြူလာ ဝမ်း ပြိုင်ကားမောင်း ချန်ပီယံ တဦးဖြစ်သူ Niki Lauda ဟာ သြစတြီးယားနိုင်ငံက နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၇၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ Niki Lauda ဟာ ၁၉၇၅၊ ၁၉၇၇ နဲ့ ၁၉၈၄ ခုနှစ်တို့မှာ Feerari ကားနဲ့ သုံးကြိမ်တိုင်တိုင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သူတယောက် ဖြစ်ပါတယ်။
Lauda ဟာ ၁၉၇၆ ခုနှစ်က ကားမတော်တဆမှုနဲ့ ပြင်းထန်စွာ ဒဏ်ရာရဖူးခဲ့ပြီးနောက်မှာ လေကြောင်းလိုင်း စီးပွားရေးကို ပြောင်းလဲ လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပြီး ဖော်မြူလာဝမ်း ပြိုင်ပွဲတွေမှာ ဥက္ကဋ္ဌလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ အဆုတ်အစားထိုး ကုသမှုကို ပြုလုပ်ခဲ့ရပါသေးတယ်။
မိသားစုတွေရဲ့ ထုတ်ပြန်ချက်အရ သူဟာ မေလ ၂၀ ရက်နေ့ တနင်္လာနေ့မှာ နေအိမ်မှာပဲ ငြိမ်းချမ်းစွာ အနားယူသွားခဲ့ပြီလို့ သိရပါတယ်။
“လူတွေ မသိနိုင်တဲ့ နောက်ကွယ်မှာတောင် သူဟာ ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ အဘိုးကောင်း ဖြစ်ခဲ့သူ တဦးပါ။ အားလုံးက အမြဲ သတိရနေမှာပါ” လို့ မိသားဝင်တွေက ရေးသားခဲ့ပါတယ်။
သြစတြီးယား နိုင်ငံပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်အရ သူဟာ ကျောက်ကပ်ရောဂါနဲ့ ဆေးရုံတက်ခဲ့ရသေးတယ်လို့ သိရပါတယ်။ သူဟာ ကျောက်ကပ် အစားထိုးမှုကို ၁၉၉၇ ခုနှစ်မှာ တကြိမ်၊ ၂၀၀၅ ခုနှစ်မှာ တကြိမ်ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
Niki Lauda ရဲ့ သေဆုံးမှုကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝမ်းနည်းစကားတွေ ဆိုခဲ့ကြပါတယ်။
Ref. Mirror
You may also like these stories:
လူမဟုတ်ဘဲ အရာဝတ္ထုပစ္စည်းတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပုဂ္ဂိုလ်များ
“Captain Marvel” ရုပ်ရှင်ကို ၁၁၆ ကြိမ် ကြည့်ခဲ့တဲ့ အမျိုးသား စံချိန်သစ်တင်
အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner
“Star Wars” ရုပ်ရှင်ထဲက Chewbacca သရုပ်ဆောင် မင်းသားကြီး Peter Mayhew ကွယ်လွန်ပြီ