သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်ခြင်းဟာ မွေးရာပါဗီဇနဲ့ ဆိုင်သလို မိမိဝါသနာပါရာ ပြုလုပ်လေ့ရှိတဲ့ စွမ်းဆောင်မှုတွေနဲ့လည်း ဆိုင်တယ်လို့ ဆိုပါတယ်။ အခုဖော်ပြပေးမှာကတော့ ဦးနှောက်ရဲ့လုပ်ဆောင်မှု စွမ်းအားကို မြင့်တက်စေနိုင်တဲ့ ဝါသနာတွေပဲ ဖြစ်ပါတယ်။
(၁) တူရိယာတီးခတ်ခြင်း
တူရိယာတခုခု တီးခတ်ခြင်းကို ဝါသနာပါသူတွေဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ ဆုံးဖြတ်ချက် မှန်ကန်တတ်ကြပြီး အာရုံစူးစိုက်မှု အားကောင်းကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
(၂) ဂိမ်းကစားခြင်း
သာမန်အားဖြင့်ပြောရရင်တော့ ဂိမ်းဆော့တာဟာ ဘာမှ အကျိုးမရှိဘူးလို့ ထင်ရပေမယ့် ဂိမ်းဆော့ခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းအားတွေကို မြင့်တက်စေပြီး မှတ်ဉာဏ်ကို မြင့်တက်စေနိုင်ပါတယ်။
(၃) ဟင်းလျာ ချက်ပြုတ်ခြင်း
ဟင်းလျာ ချက်ပြုတ်ခြင်းကို ဝါသနာပါသူတွေဟာ ဖန်တီးနိုင်မှုစွမ်းအား ကောင်းမွန်ကြပြီး အာရုံစူးစိုက်မှုလည်း ကောင်းကြပါတယ်။ ဒါ့အပြင် ဟင်းလျာချက်ပြုတ်တဲ့အခါ တခုတည်းမှာသာ အာရုံ စူးစိုက်ထားတာကြောင့် စိတ်တည်ငြိမ်မှုကို ရရှိစေပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
(၄) ဘာသာစကားအသစ် သင်ယူခြင်း
ဘာသာစကားအသစ် တမျိုးမျိုး သင်ယူခြင်းဟာ ဦးနှောက်ရဲ့ သင်ယူနိုင်စွမ်းအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုအား ကောင်းစေတာကြောင့် ပြဿနာတွေ ဖြေရှင်းတဲ့အခါနဲ့ ဆုံးဖြတ်ချက်ချတဲ့အခါ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။
(၅) စာအုပ်ဖတ်ခြင်း
ဒီအချက်ကတော့ လူတိုင်းသိထားပြီးသား အချက်တချက် ဖြစ်မှာပါ။ စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတတိုးပွားစေနိုင်တဲ့အပြင် အာရုံစူးစိုက်မှုအားနဲ့ စိတ်ခံစားမှုတွေကို ကောင်းမွန်လာစေနိုင်ပါတယ်။
Ref. www.influencive.com
You may also like these stories:
မိန်းကလေး တော်တော်များများဟာ မိခင်ဘက်က အဘွားတွေနဲ့ ရုပ်တူလေ့ရှိ
နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အစားအစာ ၇ မျိုး
ဆူညံသံတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများ
BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ကွယ်လွန်