Trend

မားစ်ဂြိုဟ်ပေါ်ကို အမှတ်တရအဖြစ် သင့်နာမည် ပေးပို့နိုင်

မေလ ၂၂ ရက်နေ့မှာ နာဆာက ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ ရှိတဲ့ မည်သူမဆို မားစ်ဂြိုလ်ရဲ့ မျက်နှာပြင်ပေါ်ကို အမှတ်တရအဖြစ် နာမည်ပို့ပေးနိုင်မယ်လို့ သိရပါတယ်။ နာမည်တွေကို နာဆာက ၂၀၂၀ ပြည့်နှစ်မှာ လွှတ်တင်မယ့် မားစ်ဂြိုလ်ခရီးစဉ်မှာ သယ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က မားစ်ဂြိုလ်ပေါ်ကို သမိုင်းဝင်ခရီးတခု အဖြစ်လွှတ်တင်မယ့် အာကာသယာဉ်မှာ အားလုံးကို ပါဝင်စေချင်ပါတယ်” လို့ နာဆာရဲ့ ပြောရေးဆိုခွင့် ရှိသူ Thomas Zurbuchen က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

နာမည်ပါဝင်ချင်သူတွေ အနေနဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့ မတိုင်ခင်မှာ စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးချင်လို့ ဒီလို ပြုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနာမည်တွေကို ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ အပြားတခုမှာ ရေးသားသွားမှာ ဖြစ်ပြီး နာမည်တခုချင်းစီဟာ ဆံချည်မျှင်ရဲ့ ၁၀၀၀ ပုံ ၁ ပုံ သာ ရှိလိမ့်မယ်လို့ နာဆာက ဆိုပါတယ်။ ယခင်က ပြုလုပ်ပေးခဲ့တဲ့ နာမည်သယ်ဆောင်ခြင်းမှာ ကမ္ဘာပေါ်က နာမည်ပေါင်း ၂သန်းခန့်ပါဝင်ခဲ့ပြီး အခုအချိန်မှာ ဆိုရင်တော့ မားစ်ဂြိုလ်ပေါ်ကို ပျံသန်းရောက်ရှိပြီး ဖြစ်တယ်လို့ နာဆာက ဆိုပါတယ်။

ပထမ Mission မှာ ပါဝင်တဲ့ သူတွေဟာ ပျံသန်းခြင်းမိုင်ပေါင်း ၃ သန်းကျော်ကို ရရှိပြီး ဖြစ်တယ်လို့ နာဆာက သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ မားစ်ဂြိုလ်ပေါ်ကို သင့်နာမည် ပို့ပေးချင်တယ်ဆိုရင် ဒီလင့်  မှာ ဝင်ရောက်ဖြည့်စွက်နိုင်ပါတယ်။

Ref. geek.com

You may  also like these stories:

ဘာသာစကား ၁၅ မျိုး ပြောနိုင်လို့ လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တဲ့ ဈေးသည်လေး ပညာသင်ခွင့်ရ

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ပလတ်စတစ်တွေနဲ့ အိမ်ဆောက်တဲ့ အမျိုးသား

ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနတွေကို ပြုလုပ်တော့မယ့် ထိုင်းတက္ကသိုလ်

Loading