အမျိုးသားဖြစ်သူ ဆေးလိပ်သောက်တာကြောင့် တအိမ်လုံးမှာ ရှိတဲ့ ပစ္စည်းတွေ ဆေးလိပ်နံ့ နံနေတာမျိုးက စိတ်ညစ်စရာကောင်းပါတယ်။ ကားပေါ်မှာလည်း ဆေးလိပ်အနံ့တွေချည်း ဖြစ်နေတာတွေကို ပျောက်အောင် လုပ်လို့ ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက ဆေးလိပ် အနံ့တင်မကဘဲ ထမင်း၊ ဟင်း ချက်တဲ့အခါ နံနေတဲ့ ဟင်းနံ့တွေကိုပါ ပျောက်စေမှာ သေချာပါတယ်။
(၁) ပန်းသီး
ပန်းသီးဟာ အနံ့စုပ်တဲ့ နေရာမှာ ဆရာတဆူလို့ ဆိုနိုင်ပါတယ်။ ပန်းသီးကို အစိတ်လေးတွေ ဖြစ်အောင် လှီးပြီး နံတယ်လို့ ယူဆရတဲ့ နေရာတွေမှာ ထားလိုက်ပါ။ နောက်တနေ့ မနက်မှာ အနံ့တွေ ပျောက်ကင်းနေတာကို တွေ့ရပါလိမ့်မယ်။
(၂) ရှာလကာရည်
ရှာလကာရည်ကလည်း ဆေးလိပ်နံ့ကို ပျောက်ကင်းစေပါတယ်။ ရှာလကာရည်ကို ရေအနည်းငယ်ရောပြီး အိုးထဲမှာ ဆူပွက်တဲ့ အထိထားပါ။ ထွက်လာတဲ့ အငွေ့တွေဟာ အနံ့ဆိုးတွေကို ပျောက်ကင်းစေပါလိမ့်မယ်။ နောက်တနည်းကတော့ ရှာလကာရည်ကို ရေနွေးနဲ့ရောပြီး ကြမ်းပြင်နဲ့ နံနေတဲ့ နေရာတွေကို လိုက်သုတ်ရုံပါပဲ။ တကယ်လို့ သင့်ရဲ့ အင်္ကျီတွေက ဆေးလိပ်နံ့ နံနေမယ်ဆိုရင်တော့ အဝတ်လျှော်တဲ့ အခါ ရှာလကာရည် အနည်းငယ်ကို ထည့်ပြီး လျှော်လိုက်ပါ။
(၃) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကိုတော့ ဆိုဖာတွေနဲ့ ကားထဲက နံနေတဲ့ အနံ့တွေကို ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ တွေကို နံနေတဲ့ နေရာတွေမှာ ဖြန်းပြီး ၁၂နာရီကနေ ၂၄ နာရီအထိ ထားပါ။ ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတိထားကြည့်ရှုဖို့တော့ လိုအပ်ပါတယ်။
(၄) ကော်ဖီ
ကော်ဖီဟာလည်း အနံ့ဆိုးတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ နေ့တိုင်း ကော်ဖီဖျော်သောက်နေကျ ဆိုရင်တော့ သင့်မီးဖိုချောင်ထဲက ဟင်းနံ့တွေကို ရှင်းပြီး ဖြစ်နေမှာပါ။ နှပ်ကော်ဖီ သောက်ပြီး ကျန်တဲ့ အဖက်တွေကို ပန်းကန် တခုထဲထည့်ထားပြီး ဆေးလိပ်နံ့ နံတဲ့ နေရာတွေမှာ ထားပေးခြင်းဖြင့်လည်း ဆေးလိပ်နံ့နံတာကို ပျောက်ကင်းစေပါလိမ့်မယ်။
Ref. tipsandtrick
You May Also Like These Stories:
ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ မလိုတဲ့ အစားအသောက် ၈ မျိုး
မီးဖိုချောင်သုံးပစ္စည်း ရှာလကာရည်ရဲ့ အသုံးဝင်ပုံ နည်းလမ်း ၅ ခု
အမျိုးသမီးများ အသားအရေ ကြည်လင်ဝင်းပစေမယ့် ပန်းသီး ရှာလကာရည် အစွမ်း
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း ၅ ခု