Trend

ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ ကမ္ဘာလှည့် ခရီးသွားခဲ့တဲ့ အမျိုးသမီး

Michelle Bourke လို့ အမည်ရတဲ့ အမျိုးသမီးဟာ သေဆုံးသွားတဲ့ ခင်ပွန်းသည်ရဲ့ ဓာတ်ပုံကို လူတရပ်စာ ထုတ်ပြီး ခရီးသွားတဲ့အခါ သူနဲ့အတူ ယူသွားလေ့ရှိတယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၅ နှစ်တာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တခုကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာပတ် ခရီးထွက်မယ်ဆိုတဲ့ ကတိကို ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ ခင်ပွန်းဖြစ်သူက အသက် ၆၁ နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ခင်ပွန်းသည် မရှိတော့ပေမယ့် ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးဟာ ကတိပေးထားတဲ့ အတိုင်း ကမ္ဘာလှည့် ခရီးကို သွားဖြစ်အောင် သွားခဲ့တာပါ။ သူတို့ရဲ့ မင်္ဂလာဆောင်နေ့က ဓာတ်ပုံကို လူတရပ်စာ အရွယ်အစားနဲ့ ထုတ်ပြီး ခရီးတိုင်းမှာ ဓာတ်ပုံအတူတူ ရိုက်ခဲ့တယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နေထိုင်တဲ့ Michelle Bourke က “ကျမ သူ့ကို ကတိပေးထားတဲ့ အတိုင်း ခရီးတွေ ထွက်ခဲ့ပါတယ်။ ခရီးဆောင်အိတ်ထဲမှာ သူ့ဓာတ်ပုံကို ခေါက်ပြီး ထည့်တယ်။ လည်ပတ်တဲ့ နေရာကို ရောက်ရင် ပုံကို ထုတ်ပြီး ဓာတ်ပုံရိုက်တယ်။ ကျမရောက်တဲ့ နိုင်ငံတိုင်းမှာ သူနဲ့ ဓာတ်ပုံ ရိုက်တယ်။ သူက ကျမနားမှာ အမြဲရှိနေသလို ခံစားရပါတယ်။ Paul သေဆုံးပြီး ၁၂လ အကြာမှာ ကျမ ခရီးတွေ စထွက်ခဲ့တယ်”လို့ ဆိုပါတယ်။

Michelle Bourke ဟာ ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့ အတူ ကမ္ဘာကျော် နေရာတွေကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ သူတို့ရဲ့ ခရီးသွားဓာတ်ပုံတွေဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ မျှဝေသူ များနေပြီး အင်တာနက် အသုံးပြုသူတွေက အချစ်စစ်အကြောင်းကို ချီးမွမ်း ပြောဆိုခဲ့ကြပါတယ်။

Ref. Mirror

You may also like these stories:

ဈေးဝယ်နေတဲ့ သမီးကို စောင့်ဖို့ လေယာဉ်ထွက်ချိန် နှောင့်နှေးအောင် လုပ်ခဲ့တဲ့ အမျိုးသမီး

ကမ္ဘာပေါ်မှာ ခရီးသွားတွေ သွားရောက် လည်ပတ်မှုအများဆုံး ကမ်းခြေများ

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ဟွာဝေးဖုန်း ခိုးယူမှုနဲ့ ပြင်သစ်နိုင်ငံသားကို ဖမ်းဆီး

Loading