ယနေ့၊ မေလ ၂၄ ရက်နေ့မှာ အာရှရဲ့ ပထမဆုံး လိင်တူထိမ်းမြားမှုကို ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လူထောင်ပေါင်းများစွာဟာ လွှတ်တော်ရှေ့မှာ ပျော်ရွှင်နေကြပြီး သက်တံ့အလံတွေကို လွှင့်ထူတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဥပဒေပြုသူတွေဟာ လိင်တူလက်ထပ်ခြင်းကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်းကို မေလ ၁၇ ရက်နေ့က အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို အတည်ပြုဖို့ အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုပြီးတဲ့နောက်မှာတော့ ဒီနေ့မှာပဲ လိင်တူ လက်ထပ်ပွဲတွေ ဆက်တိုက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ထိမ်းမြားလက်ထပ်ခဲ့တဲ့ စုံတွဲတွေဟာ မီဒီယာတွေရဲ့ ရှေ့မှာ ပွေ့ဖက်ခြင်းတွေကို ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။ လက်ထပ်ပြီးသွားတဲ့ စုံတွဲတွေကတော့ တရားဝင်သွားပြီဖြစ်တဲ့ လက်ထပ်စာချုပ်တွေကို လေထဲ ဂုဏ်ယူစွာနဲ့ မြှောက်ပြခဲ့ကြတယ်လို့ ဒေသ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ယခင်က လိင်တူထိမ်းမြားမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ထိုင်ဝမ်ဟာ အာရှဒေသတခုလုံးမှာ လိင်တူထိမ်းမြားခြင်းကို တရားဝင် အတည်ပြုခဲ့တဲ့ ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
Ref. NBC News
You may also like these stories:
ကဝမြို့နယ်တွင် အထည်ချုပ် အလုပ်သမများအဆင်ပြေရန် လမ်းသစ်ဖောက်ပေး
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ
အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရသည့် လက္ကာရွာသားများ ဒုတိယအကြိမ် ရမန်ယူ
ညစာစားပွဲမှာ တင်းကျပ်လွန်းတဲ့ဝတ်စုံကြောင့် မူးမေ့လဲခဲ့ရတဲ့ မင်းသမီး Elle Fanning
တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲမှာ မဟုတ်ကြောင်း အာနိုးပြော