အပူရှိန်မြင့်တက်နေတဲ့ အခုလို အချိန်ကာလမှာ အသားအရေ နေလောင်တာဟာ အဖြစ်များတဲ့ အသားအရေ ပြဿနာတခုပါ။ အခုဖော်ပြပေးမှာကတော့ နေလောင်လို့ နီမြန်းပြီး ညိုညစ် ကြမ်းတမ်းသွားတဲ့ အသားအရေကို ပြန်လည် ဖြူဝင်းလာစေနိုင်မယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။
(၁) အာလူး
အာလူးကို ခပ်ပါးပါးလှီးထားတဲ့ အာလူးပြားတွေနဲ့ နေလောင်ထားတဲ့ အသားအရေ နေရာပေါ်ကို ၁၅ မိနစ်ခန့် ကပ်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း တနေ့ ၂ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ နေလောင်ခြင်းကို သိသိသာသာ ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်ဟာ နေလောင်ထားတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းလာစေနိုင်တဲ့အပြင် နေလောင်ခြင်းကြောင့် အသားအရေ နီမြန်းရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်ကို နေလောင်ထားတဲ့ အသားအရေပေါ် သုတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့်ထားပေးပြီးမှ ရေနဲ့ပြန်လည် ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။
(၃) ရှားစောင်းလက်ပပ်
နေလောင်ထားတဲ့ အသားအရေအတွက် အထိရောက်ဆုံးနဲ့ အမြန်ဆန်ဆုံး ပျောက်ကင်းသက်သာနိုင်တဲ့ နည်းလမ်းကတော့ ရှားစောင်းလက်ပပ်ပင်က ရတဲ့ ရှားစောင်းလက်ပပ် ဂျယ်လ်နဲ့ သုတ်လိမ်းပေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
(၄) လက်ဖက်စိမ်း ရေနွေးကြမ်း
လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) ကို အအေးခံပြီး နေလောင်ထားတဲ့ အသားအရေပေါ်ကို ဂွမ်းစအသုံးပြုကာ သုတ်လိမ်းပေးခြင်းအားဖြင့် နေလောင်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်တဲ့အပြင် ဆိုးဆိုးရွားရွား နေလောင်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားကင်ဆာ ရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.rd.com
You may also like these stories:
ထောပတ်သီးကို အသုံးပြုပြီး အသားအရေ စိုပြည်ကြည်လင်စေဖို့ ပေါင်းတင်ကြမယ်
ချိုင်းကြားအသားအရေကို ဖြူဝင်းစေမယ့် သဘာဝပေါင်းတင်နည်း ၅ မျိုး
မျက်နှာအသားအရေအတွက် ကြက်ဥအကာရဲ့ အသုံးဝင်တဲ့နည်းလမ်းများ
အုန်းဆီကို အသုံးပြုပြီး မျက်နှာပေါ်က အရေးအကြောင်းတွေ ဖယ်ရှားကြမယ်