မနက်အိပ်ရာနိုးနိုးချင်း ‘ငါ အလုပ်ထွက်ချင်ပြီ’ ခေါင်းထဲပေါ်လာရင် ဒါဟာ သင်တယောက်တည်း မဟုတ်ပါဘူး။ လေ့လာချက်အရ အမျိုးသမီးတော်တော်များများက အလုပ်ထွက်ချင်စိတ် တနှစ်ကို ပျှမ်းမျှ ၁၇ ခါ လောက် စိတ်ထဲပေါ်လာတတ်တယ်လို့ ဆိုပါတယ်။
ကျွမ်းကျင်ပညာရှင်တွေ စုပေါင်းထားတဲ့အဖွဲ့ကြီးရဲ့ လေ့လာတွေ့ရှိချက်အသစ်မှာတော့ ဗြိတိန်က အချိန်ပြည့်၊ အချိန်ပိုင်း အမျိုးသမီးဝန်ထမ်း ၂ ထောင်ကျော်ကို လေ့လာခဲ့ရာ ဒီလိုအံ့သြသင့်စရာရလဒ် ထွက်ပေါ်လာခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေ လက်ရှိအလုပ်က ငြီးငွေ့ပြီး ထွက်ချင်စိတ်ဖြစ်တယ်ဆိုတဲ့ ရလဒ်ကိုရဖို့ လုပ်ငန်းခွင်အမျိုးအစား ၆၇၁ ခုကို သွားရောက်လေ့လာ မေးမြန်းခဲ့ကြတာပါ။ အမျိုးသမီးတယောက်ဟာ တပတ်ကို ၃၂ နာရီနဲ့ တနှစ် ကို နာရီ ၁,၆၀၀ ကျော် အလုပ်လုပ်ခဲ့ကြပြီး ဘဝတလျှောက် လုပ်ငန်းခွင်ထဲမှာ နာရီပေါင်း ၇ သောင်း ၈ ထောင် ကျော်လောက် ပေးဆပ်ခဲ့ ရပါတယ်။
“အလုပ်ထဲ အလွယ်တကူ မငြီးငွေ့ဖို့ဆိုရင် ကျမတို့ နေ့စဉ်ဘဝကို အကျိုးသက်ရောက်မှုရှိတဲ့ အလုပ်အကိုင်မျိုး ရွေးချယ်သင့်တယ်။ ဒါကြောင့် ကိုယ်နဲ့အသင့်တော်ဆုံး အလုပ်အကိုင်ကို သေချာရွေးချယ်တတ်ဖို့လိုတယ်” လို့ ရေချယ်လ်က ဆိုပါတယ်။
“ဘေးလူတွေက ဘယ်လိုပဲ ထင်မြင်ပါစေ၊ ဘယ်အသက်အရွယ်ရောက်ရောက် လက်ရှိအလုပ် အဆင်မပြေတော့ရင် ပြောင်းလုပ်ကြည့်လို့ ရပါတယ်။ ကျမတို့ဆီမှာ အသက် ၇၀ လောက်မှ ဘဏ္ဍာရေးကိုစိတ်ဝင်စားလို့ သင်တန်းလာတက် နေသူတွေတောင်ရှိတယ်” လို့ ဆိုပါတယ်။
စိတ်ထဲမှာ လက်ရှိလုပ်နေတဲ့အလုပ်ကို ငြီးငွေ့လာပြီး ရှေ့မဆက်ချင်တော့ဘူးဆိုရင် ထွက်လိုက်ပါ။ အတွေ့ အကြုံ၊ ဒီဂရီတွေ မလိုအပ်တဲ့ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အလုပ်အကိုင်တွေအများကြီး ရှိနေပါသေးတယ်။ ဒီနေ့ခေတ် လူတွေက ဘွဲ့ကောင်းကောင်းတခုရထားတာနဲ့ ပွဲသိမ်းပြီး အလုပ်ကိုင်ကောင်းကောင်းရမယ် ထင်နေ ကြတာပါ။
တကယ်တော့ တချို့အလုပ်အကိုင်တွေမှာ ဘွဲ့ကောင်းကောင်းရတဲ့သူထက်တောင် သာမန်အဆင့်ထဲမှာလည်း လစာပို ကောင်းတဲ့ အလုပ်တွေရှိနေတာမို့ ကိုယ့်ယုံကြည်ချက်ကို ဘယ်တော့မှ လက်မလျှော့ဘဲ ကြိုစားပါ။ ကိုယ်နဲ့ သင့်တော်မယ့် အလုပ်အကိုင်ဆိုတာ ရှာဖွေလေ တွေ့ရှိလေဆိုသလိုပဲ ကြိုစားနေရင် ဘာမှဆို၊ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။
ဗြိတိန်တခုတည်းမှာတင် လခကောင်းပေ့ဆိုတဲ့ အလုပ်အကိုင်တွေတောင် သင့်ဘဝအတွက် ရေရှည်အာမခံချက် မပေးနိုင်တာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် ကိုယ့်အိပ်မက်နဲ့ အကိုက်ညီဆုံးအလုပ်တခုကို ရှာဖို့ဆိုရင် တခါတလေ နှစ်ချီအချိန်ယူရတာမျိုး၊ လခမရဘဲ အလုပ်သင်ဆင်းပေးရတာမျိုးထိ ကြုံရနိုင်လို့ ဇွဲမလျော့ပဲ ကြိုး စားလုပ်ကြည့်ဖို့ ရေချယ်လ်က တိုက်တွန်းထားပါတယ်။
Ref: Joyscribe
You may also like these stories:
ကားစီးတဲ့အခါ မလုပ်သင့်တဲ့ အပြုအမှုများ
ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတွေနဲ့ ဘယ်လို ခရီးထွက်ကြမလဲ
သွားတွေ ပျက်စီးရတဲ့ အဓိက အကြောင်းအရင်းများ
ပလတ်စတစ်ဘူးတွေကို ပြန်လည်အသုံးပြုလို့ ရမယ့် နည်းလမ်း ၃ ခု