ကျယ်ပြန့်တဲ့ ပုံကို ရရှိဖို့ အတွက် တိုတောင်းတဲ့ မှန်ဘီလူးများကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကနေ မိုင် ၁၀၀ ခန့် ရှည်လျားတဲ့ ဧရာဝတီမြစ်ရဲ့ ပုံကို နာဆာက အာကာသယာဉ်မှူးတဦးက ရိုက်ယူနိုင်ခဲ့ပါတယ်။ ယခင်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်ဟာ ဧရာဝတီမြစ်ပေါ်မှာ အများကြီး မှီခိုနေတာကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။
ဒီပုံထဲက လင်းလွန်းတဲ့ နေရာဟာ ကပ္ပလီပင်လယ်ပြင်ကနေ တိုက်ရိုက်အလင်းပြန်နေတဲ့ နေရောင်ခြည်ဖြစ်တယ်လို့ သိရပါတယ်။ ကမ်းခြေတလျှောက်ကို ပီပြင်တဲ့ ပုံတွေ မြင်ရဖို့ အတွက် Glint Point ဆိုတဲ့ နည်းပညာကို အသုံးပြုပြီး ရိုက်ကူးခဲ့တယ်လို့ အာကာသယာဉ်မှူးတွေက ဆိုပါတယ်။
ဧရာဝတီမြစ်ဟာ ကပ္ပလီပင်လယ်ထဲကို စီးဝင်ပြီး အရည်အသွေးကောင်းမွန်တဲ့ နုန်း မြေတွေနဲ့ ရွံ့တွေကို ဖြစ်ပေါ်စေပါတာကို ပုံထဲမှာ မြင်တွေ့ရပါလိမ့်မယ်။ ရခိုင်ကမ်းမြောင် ဒေသတောင်ပိုင်းကို အနောက်ဘက်မှာ လေတိုက်နေတာ တွေ့ရပါတယ်။
ကပ္ပလီ ပင်လယ်အတွင်းက ကျွန်းတွေဟာ Nicobar ကျွန်းတွေနဲ့ ဆက်စပ်နေပြီး အိန္ဒိယကျောက်ချပ်လွှာ (Indian Plate) နဲ့ ဗမာကျောက်ချပ်လွှာ(Burma Plate) တို့ ဆက်ထားတဲ့ အပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့က ၉ရစ်ချက်တာစကေးရှိတဲ့ ငလျင်ဟာ အဲဒီ ကျောက်လွှာတွေ ဆက်နေတဲ့ ကပ္ပလီပင်လယ်ပြင်အတွင်းမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
Ref; nasa.gov
You may also like these stories:
အစားအသောက်နဲ့ အသီးအနှံတွေကို အသုံးပြုပြီး Cosplay ဖန်တီးတဲ့ ထိုင်းအမျိုးသမီး
အာရှရဲ့ ပထမဆုံး တရားဝင် လိင်တူထိမ်းမြားမှုကို ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်
ဝါးကိုအသုံးပြုပြီး ဆောက်လုပ်ထားတဲ့ အရှေ့တောင်အာရှက ဟိုတယ်များ
ဂျင်းဘောင်းဘီအဟောင်းတွေကို ပြန်လည် အသုံးချနိုင်မယ့် နည်းလမ်းကောင်းများ