ကြော်ငြာအများစုဟာ မိမိတို့ကုန်ပစ္စည်းကို လူအများ အသုံးပြုလာအောင်နဲ့ လူကြိုက် များလာအောင်သာ ကြော်ငြာလေ့ ရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ကြော်ငြာတွေကတော့ မိမိတို့ ကုန်ပစ္စည်းထက် လူတွေကို အသိပညာပေးပြီး လွှမ်းမိုးနိုင်တဲ့ ကြော်ငြာတွေပဲ ဖြစ်ပါတယ်။
(၁) ဗုံးတလုံးလို ပြုလုပ်ထားတဲ့ ပလတ်စတစ် ရေဘူးခွံ တခုကို ပြသထားတဲ့ ဒီကြော်ငြာဟာဆိုရင် ပလတ်စတစ်တွေကို မဆင်မခြင် စွန့်ပစ်ခြင်းဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတလုံးလိုပဲ အန္တရာယ်ရှိကြောင်း ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
(၂) ဆေးရောင်တွေ ခြယ်သထားတဲ့ ခြသေ့ၤတကောင်နဲ့ ဒရမ် တလုံးကို ယှဉ်တွဲပြသထားတဲ့ ဒီကြော်ငြာဟာဆိုရင်တော့ လူတွေရဲ့ စိတ်အပန်းဖြေမှုအတွက် တိရိစ္ဆာန်တွေကို ရုံသွင်း ပြသခိုင်းစေမှုကို ဆန့်ကျင်သင့်ကြောင်း အသိပညာပေး ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
(၃) Greenpeace အဖွဲ့အစည်းအနေနဲ့ ဖော်ပြထားတဲ့ အခုကြော်ငြာမှာဆိုရင်တော့ သင်ဟာ စက်ရုပ်တရုပ် မဟုတ်ဘဲ လူသားဆန်မှုကို ဖော်ပြဖို့ ၎င်းတို့ အဖွဲ့အစည်းကို တတ်နိုင်သလောက် လှူဒါန်းသင့်ကြောင်းကို ကြော်ငြာထားတာပဲ ဖြစ်ပါတယ်။
(၄) လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ် ပစ္စည်းတွေကြောင့် ရေနေသတ္တဝါတွေ သေဆုံးမှုဟာ တစထက်တစ များပြားလာနေတာကို လိပ်တကောင်ရဲ့ လည်ပင်းမှာ ပလတ်စတစ် ပိုက်နဲ့ တွဲလောင်း ချည်နှောင်ထားပုံနဲ့ သရုပ်ပြ ကြော်ငြာထားတာပဲ ဖြစ်ပါတယ်။
(၅) သစ်တော ပြုန်းတီးမှုနဲ့အတူ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားနေထိုင်ရာ နယ်မြေပျောက်ဆုံးလာမှုကို ခုတ်ဖြတ်ထားတဲ့ သစ်ပင် အပိုင်းအစ ပုံအပြင် သေချာကြည့်မယ်ဆိုရင် မျောက်ဝံတကောင်ရဲ့ မျက်နှာကိုပါ တွေ့မြင်ရမယ့် သစ်တောပြုန်းတီးမှု ဆန့်ကျင်ရေး ကြော်ငြာပဲဖြစ်ပါတယ်။
(၆) ရင်သားကင်ဆာဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းဟာ ယာဉ် မတော်တဆမှုကြောင့် သေဆုံးမှုနှုန်းထက် ပိုများနေကြောင်းကို ကားမှာ ပါဝင်တဲ့ အရေးပေ ါ်လေအိတ်နှစ်ခုနဲ့ ပြသထားတဲ့ အသိပညာပေး ကြော်ငြာတခု ဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ
ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ အနုပညာရှင်များ ပါဝင်မည်
အဆိပ်တွေ ကူးစက်နေတဲ့ ခေတ်ပြိုင်ပုံရိပ်တွေ ဖန်တီးတဲ့ ပန်းချီကိုရဲ
စွန့်ပစ် ပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ နယ်သာလန်က ရေပေါ်ပန်းခြံ