Trend

"Pet Sematary" ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ကြောင်လေး ကွယ်လွန်

မကြာသေးခင်ကမှ ရုံတင်သွားတဲ့ “Pet Sematary” ရုပ်ရှင်ဇာတ်ကားမှာ အဓိက သရုပ်ဆောင်တဲ့ ကြောင်လေး Leo ဟာ လွန်ခဲ့တဲ့ နာရီပိုင်းလေးကပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဇာတ်ကားထဲမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိခဲ့တဲ့ ကြောင်လေးဟာ ကိုယ်ပိုင် Instagram အကောင့်ရှိပြီး Follower ၁ သောင်း ၆ ထောင်ကျော် ရှိပါတယ် ။ ကြောင်လေးကို ရုပ်ရှင်ရိုက်နေစဉ်မှာ လေ့ကျင့်ပေးခဲ့သူ Kirk Jarrett က မွေးစားခဲ့တာ ဖြစ်ပါတယ်။

ပိုင်ရှင်ဖြစ်သူ Kirk Jarrett ဟာ ကြောင်လေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဓာတ်ပုံ တပုံနဲ့ အတူကြောင်လေး ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ရေးတင်ခဲ့တာဖြစ်ပါတယ်။

စာထဲမှာ “Leo ကွယ်လွန်သွားပြီ ဖြစ်ကြောင်းကို ဝမ်းနည်းစွာနဲ့ပဲ သတင်းစကား ပါးလိုက်ပါတယ်။ သူ့ကို သူ့ ပရိသတ်တွေနဲ့ မိသားစုတွေက အမြဲ အမှတ်ရနေမှာပါ။ ကောင်းကင်မှာ လှပစွာ ထွန်းလင်းနိုင်ပါစေ”လို့ ရေးသားထားပါတယ်။

အဲဒီစာရဲ့ အောက်မှာ ပရိသတ်တွေကလည်း ဝမ်းနည်းကြောင်းနဲ့ ဆုတောင်းစကားတွေ ရေးသားထားတာ တွေ့ရပါတယ်။

Ref; pophorror.com

You may also like these stories:

ဖော်မြူလာဝမ်း ပြိုင်ကား ချန်ပီယံဟောင်းဖြစ်သူ Niki Lauda ကွယ်လွန်

ဖျော်ဖြေပွဲတွေ ပြန်လုပ်မယ်လို့ အဆိုတော် Britney Spears အတည်ပြု

BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ကွယ်လွန်

အူအတက်ပေါက်တာကို လျစ်လျူရှုခဲ့မိလို့ သေလုမျောပါး ဖြစ်ခဲ့ရတဲ့ မင်းသား Daniel Wu

Loading