Trend

အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ အရေးပေါ် ပြုလုပ်သင့်တဲ့ အရာများ

Want create site? Find Free WordPress Themes and plugins.

မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အင်းဆက်ပိုးမွှားတွေဟာ နေရာမရွေး ရှိနေနိုင်တာကြောင့် အင်းဆက်ပိုးမွှားတွေ ကိုက်ခံရတဲ့အခါ မပေါ့ဆသင့်ပါဘူး။ အင်းဆက်ပိုးမွှားတွေ ကိုက်ခံရတဲ့အခါ ယားယံပြီး အရေပြားမှာ အနီဖုများ ထလာခြင်း၊ ရောင်ရမ်းလာခြင်းနဲ့ ပျား၊ နကျယ်ကောင် တို့လို အဆိပ်ရှိ အင်းဆက်တွေ ကိုက်ခံရရင်တော့ ရုတ်တရက် ခေါင်းမူးလာခြင်း၊ အသက်ရှုရခက်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

အင်းဆက်ပိုးမွှားတွေရဲ့ အဆိပ်ဟာ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ စိုးရိမ်ရတာကြောင့် အင်းဆက်ပိုးမွှားတွေ ကိုက်ခံရတဲ့အခါ အရေးပေါ်ပြုလုပ်သင့်တာတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) အဆိပ် ဖယ်ထုတ်ပါ

ပျား၊ နကျယ်ကောင် စတဲ့အင်းဆက်တွေ ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ အဆိပ်ရှိတဲ့ ဆူးတံငယ်ကို ချန်ထားခဲ့တတ်ကြပါတယ်။ ဒီလိုအင်းဆက်တွေ အကိုက်ခံရတဲ့အခါ ပထမဦးဆုံး ပြုလုပ်ရမှာကတော့ ဒီအဆိပ်ရှိ ဆူးတံကို ဇာဂနာ အသုံးပြုကာ အရင်ဖယ်ထုတ်ပေးရမှာ ဖြစ်ပါတယ်။

(၂) ရေနဲ့သေချာဆေးကြောပေးပါ

အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ အကိုက်ခံရတဲ့အရေပြားနေရာကို ရေနဲ့ဆပ်ပြာ အသုံးပြုကာ သန့်ရှင်းအောင် ဆေးကြောပေးရပါမယ်။

(၃) ရေခဲအုံပေးပါ

အင်းဆက်ပိုးမွှား အကိုက်ခံရတဲ့ အရေပြားနေရာကို ရောင်ရမ်းနာကျင်လာခြင်း မရှိအောင်နဲ့ အဆိပ်တွေ ပျံံ့နှံ့မသွားစေဖို့ ရေခဲအုံပေးဖို့ လိုအပ်ပြီး ရေခဲအုံပေးခြင်းဟာ အင်းဆက်ပိုးမွှား ကိုက်ခံရမှုကြောင့် အဆိပ်တက်လာခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

အခုဖော်ပြပေးခဲ့တဲ့ အဆင့်တွေ အားလုံံး ပြုလုပ်ပြီးသွားရင်တော့ အင်းဆက်ပိုးမွှား ကိုက်ခံရမှုကြောင့် အဆိပ်တက်ခြင်းကို သက်သာစေဖို့နဲ့ ဘက်တီးရီးယားပိုးမွှားတွေ သေစေနိုင်ဖို့ ပျားရည်၊ လှီးဖြတ်ထားတဲ့ ကြက်သွန်နီနဲ့ Tea Tree Oil စတဲ့ သဘာဝပစ္စည်းတွေကို လိမ်းကျံပေးနိုင်ပါတယ်။

Ref. www.medicinenet.com

Did you find apk for android? You can find new Free Android Games and apps.
Loading