Trend

ဒူးရင်းသီး ဂယက်ကြောင့် အိမ်ထဲကနေ ၃ ရက်လောက် မထွက်ရဲခဲ့တဲ့ ကာယလေ့ကျင့်သူ Jordan Yeoh

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ကိုယ်ကာယလေ့ကျင့်သူ Jordan Yeoh ဟာ “အမိုက်စား ဒူးရင်းသီး” ဆိုတဲ့ နာမည်နဲ့ ပထမဆုံး လူသိများလာခဲ့တာဖြစ်ပေမယ့် အဲ့ဒီဂယက်ကြောင့် လူတွေ စိတ်ဝင်စားမှုတွေ ခံလာရလို့ ၃ ရက်လောက် အိမ်ထဲက အိမ်ပြင်မထွက်နိုင်ဘဲ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

တရက်တာ လမ်းဘေး ဒူးရင်းသီး ဈေးသည်တဦးအနေနဲ့ သူငယ်ချင်းကို ကူညီပေးခဲ့တာဖြစ်ပေမယ့် ဖြတ်သွားတဲ့ ဝယ်သူတွေနဲ့ မလေးရှား အင်တာနက်သုံးစွဲသူတွေရဲ့ အထူးအာရုံစိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အမှန်တော့သူက နာမည်ကြီးချင်လို့ ဒူးရင်းသီး ထွက်ရောင်းတာ မဟုတ်ဘဲ သူငယ်ချင်းရဲ့ ဆိုင်မှာ ကူညီပေးရာကနေ ထိုင်ဝမ် အသားကင်နတ်သမီး Ruo Yan နဲ့ အလန်းစား ဘရာဇီးမြေအောက်ရထား လုံခြုံရေး Guilherme Leao တို့လိုမျိုး ဆွဲဆောင်မှုရှိတဲ့သူတယောက် အဖြစ် အွန်လိုင်းပေါ်မှာ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

Facebook မှာ ပထမဆုံးတင်ခဲ့တဲ့ သူ့ရဲ့ ပုံကို ၄ ရက်အတွင်းမှာ မျှဝေမှုက အကြိမ် ၁ သောင်း ၈ ထောင်လောက်ရှိခဲ့ပြီး သူရောင်းချတဲ့ ဒူးရင်းသီးထက် သူ့ကို လူတွေက ပိုပြီး စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

Asiaone မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူက “အဲ့ဒီပို့စ်ကို တင်ပြီး တနာရီအကြာမှာ တရုတ်သတင်းစာတွေက ကျနော့်ဆီ ဖုန်းဆက်တယ်။ ကျနော့်ဖုန်းနံပါတ် သူတို့ဘယ်လို့ရသွားလဲ မသိဘူး။ တော်တော်လေးကို ကြောက်ဖို့ကောင်းခဲ့ပါတယ်” လို့ အသက် ၃၂ နှစ်အရွယ် Yeoh က ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ သူဟာ ရုတ်တရက်ကြီး နာမည်ကျော်ကြားလာတာကြောင့် သူ့ဆီမှာ လေ့ကျင်ခန်းလုပ်နေကျသူတွေအတွက် အချိန်ဇယားကို ဖျက်လိုက်ရတဲ့အပြင် ၃ ရက်လောက် အိမ်ထဲမှာပဲ ပုန်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

သူက “နောက်တနေ့မှာ ကျနော့် ဖောက်သည်တွေကို လေ့ကျင့်ပေးဖို့ အပြင်တောင် မထွက်နိုင်ခဲ့ဘူး။ ကျနော် ကားမောင်းနေတဲ့အချိန် ကားပါကင်ထိုးဖို့ စောင့်နေတဲ့အချိန်မှာတော့ လူတွေက ကျနော့်ကို မှတ်မိကြတယ်။ အဲ့ဒီနောက် ကျနော့် ဖောက်သည်တွေအတွက် အချိန်ဇယားကို ဖျက်လိုက်ရတယ်။ ကျနော် ဒီနေ့တော့ မလုပ်နိုင်တော့ဘူးလို့ ပြောခဲ့ရတယ်” လို့ ဆိုပါတယ်။

သူ့ရဲ့ YouTube ချန်နယ်မှာ Subscribe ပြုလုပ်သူ ၁ သန်းကျော်ရှိနေပြီး ကြည့်ရှုသူကတော့ သန်း ၈၀ ရှိပါတယ်။ Yeoh ဟာ အရှေ့တောင်အာရှဒေသမှာကတော့ လူသိအများဆုံး ကိုယ်ကာယလေ့ကျင့်သူ တယောက်အဖြစ် ယနေ့အထိ ရပ်တည်နေပါတယ်။

Ref:asiaone

You may also like these stories:

ဒူးရင်းသီးအနံ့အရသာ အပြည့်အဝခံစားမိစေမယ့် ဒူးရင်းပီဇာပြုလုပ်နည်း

“Pet Sematary” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ကြောင်လေး ကွယ်လွန်

Did you find apk for android? You can find new Free Android Games and apps.
Loading