Trend

ပြန်လည်ဆန်းသစ် ထုတ်လုပ်တော့မယ့် ကော်ဖီအရသာ Coca-Cola Blak

Want create site? Find Free WordPress Themes and plugins.

ကိုကာကိုလာ ကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်က “Coca-Cola Blak” လို့ နာမည်ပေးထားတဲ့ ကော်ဖီ အရသာ ကိုကာကိုလာဘူးတွေ ထုတ်လုပ်ခဲ့ပေမယ့် စားသုံးသူတွေ အကြိုက် မတွေ့ခဲ့တာကြောင့် ထုတ်လုပ်ပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်မှာပဲ ဈေးကွက်ထဲက ပြန်သိမ်းခဲ့ရပါတယ်။

ဒီလို အချိန်တိုအတွင်း ရောင်းချမှု ရပ်တန့်ခဲ့ရတာကို အချိန်မတိုင်ခင် ရောင်းချခဲ့တာ မှားယွင်းတာပဲလို့ ကုမ္ပဏီရဲ့ CTO (Chief Technical Officer) နန်စီက ဆိုပါတယ်။ “အချိန်မကျသေးဘဲ အသစ်ကို ချပြလိုက်မိလို့ပါ။ အဲ့အချိန်တုန်းက လူတွေက ကိုကာကိုလာ တံဆိပ်ကို ကော်ဖီ အရသာနဲ့ တွဲမမြင်မိကြသေးဘူးလေ” လို့ သူက ပြောပါတယ်။

အခုချိန်မှာတော့ ပြောင်းလဲလာတဲ့ ပုံစံသစ်တွေကြောင့် ကိုကာကိုလာက ကော်ဖီအရသာဘူးတွေ ပြန်ထုတ်ဖို့ အချိန်ကျပြီလို့ ဆိုပါတယ်။ အဲဒီ မတိုင်ခင် ကိုကာကိုလာကနေ နိုင်ငံတကာ ဈေးကွက်ထဲကို Coca-Cola Plus Coffee ၊ Coca-Cola with Coffee ဆိုပြီး သွေးတိုးစမ်း ရောင်းချခဲ့ပါတယ်။

ပြန်လည်ဆန်းသစ်ထားတဲ့ Blak မှာတော့ အရင်ကထက် ကော်ဖီအရသာစစ်စစ် ပိုခံစားမိမှာဖြစ်ပြီး ပုံမှန် ကိုကာကိုလာ အချိုရည်တွေထက် ကာဖင်းဓာတ် ပိုများမယ်လို့ ကြေညာထားပါတယ်။ လက်ရှိမှာတော့ Coca-Cola Blak အသစ်ကို နိုင်ငံတကာ ဈေးကွက်တွေဖြစ်တဲ့ သြစတေးလျ၊ အီတလီ၊ စပိန်၊ ထိုင်းနဲ့ ပိုလန်နိုင်ငံတွေမှာ စတင် ရောင်းချနေပြီး ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံကို ဖြန့်ဖြူးရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ ကိုကာကိုလာရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အရင်က ကိုကာကိုလာနဲ့ ကော်ဖီအရောကို အမေရိကန်ဈေးကွက်က လက်မခံခဲ့ပေမယ့် အခုချိန်မှာတော့ ပြန်လည်ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ပြန်လည် ဆန်းသစ်ထားတဲ့ Coca-Cola Blak ကို ၂၀၂၀ မှာ အမေရိကန်ဈေးကွက်ထဲ ပြန်လည်ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

ကိုကာကိုလာက ထုတ်လုပ်တဲ့ အရသာသစ်တွေဟာ နိုင်ငံတကာဈေးကွက်မှာ လက်ခံကြပေမယ့် အမေရိကန် ဈေးကွက်ထဲမှာတော့ Orginal Coke လောက် ရောင်းရလေ့ မရှိပါဘူး။ ဒါပေမဲ့လည်း အခုအသစ်ကိုတော့ လက်ခံလာနိုင်မယ်လို့ ကုမ္ပဏီဘက်က အပြုသဘောဆောင် မျှော်မှန်းထားပါတယ်။

အမေရိကန်မှာ ကော်ဖီယဉ်ကျေးမှုဟာ အရင်ကထက် ပိုကျယ်ပြန့်လာတယ်လို့ ဈေးကွက်လေ့လာ သုံးသပ်သူ လောရင့်က ပြောပါတယ်။

“၂၀၀၆ မှာ ကိုကာကိုလာက ကော်ဖီအရသာနဲ့ ထုတ်လိုက်တုန်းကဆိုရင် အမေရိကန်မှာ ကော်ဖီသောက်သုံးမှု သိပ်မကျယ်ပြန့်သေးတော့ ရောင်းမကောင်းဘူး ဖြစ်သွားတာပါ။ အခုတော့ Starbucks ကော်ဖီဆိုင်ဆိုရင် တနှစ်ထက် တနှစ် ဆိုင်တွေ တိုးချဲ့ဖွင့်လာရတာ မျက်မြင်ပဲလေ။ ကော်ဖီယဉ်ကျေးမှု ကျယ်ပြန့်လာတာကို ပြနေတာပေါ့”လို့ သူက ဆိုပါတယ်။

ကော်ဖီအရသာ Coca-Cola Blak တွေ ပြန်လည် ထုတ်လုပ်မယ်ဆိုတဲ့အကြောင်းကို ကုမ္ပဏီဘက်က မနှစ်က ကြေညာခဲ့တာပါ။

Ref: CNN

You may also like these stories:

ကိုကာကိုလာ ကြော်ငြာအတွက် ခြေသလုံးမွှေးတွေ ရိတ်ပစ်ခဲ့ရတဲ့ မင်းသား Keanu Reeves

ဂျပန်နိုင်ငံမှာ အရက်ပါတဲ့ အချိုရည် ထုတ်မယ့် Coca Cola

Did you find apk for android? You can find new Free Android Games and apps.
Loading