ရုပ်ရှင်တွေထဲမှာလိုပဲ ထူးခြားတဲ့ စွမ်းအားရှိသူတွေ အပြင်မှာ တကယ်ရှိပါတယ်။ ဒီကလေးတွေဟာ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းအင်တွေကြောင့် ကျော်ကြားသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတခါမှာ စူပါပါဝါတွေ ရှိနေတဲ့ ကလေးတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Adas (မအေးခဲနိုင်သူ)
လူတွေဟာ အပူချိန် ၇၅ ဒီဂရီ ဖာရင်ဟိုက်အောက်မှာ အသက် ရှင်ဖို့ခက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်က အသက် ၂ နှစ်အရွယ် Adas ဟာ အပူချိန် ၉၀ ဒီဂရီ ဖာရင်ဟိုက်အောက်ကို ကျသွားပြီးတဲ့ နောက်မှာတောင် ဆက်ပြီး အသက်ရှင် နေတာကြောင့် မိဘတွေ အပြင် ဆရာဝန်တွေကပါ အံ့အားသင့်ခဲ့ရပါတယ်။
(၂) Lucas Murray (ပဲ့တင်သံ နားထောင်သူ)
Lucas Murray ဟာ မွေးကတည်းက မျက်လုံးမမြင်တဲ့ ကလေးဖြစ်ပါတယ်။ သူဟာ နားကို အားကိုးပြီး လူတွေနဲ့ ဆက်ဆံသူဖြစ်ပါတယ်။ သူပြောချင်တဲ့ စကားတွေကို လျှာနဲ့ အာခေါင်းထိအောင် အသံပြုပြီး ပဲ့တင်သံကို ပြန်နားထောင်တဲ့ နည်းလမ်းကို အသုံးပြုတယ်လို့ သိရပါတယ်။ ဒီနည်းလမ်းဟာ လင်းနို့၊ လင်းပိုင်နဲ့ ဝေလငါး မျိုးစိတ်အချို့က အသုံးပြုတဲ့ နည်းလမ်းဖြစ်ပြီး သာမန်လူသားတွေကတော့ အဲဒီ ပဲ့တင်သံကို မကြားရပါဘူး။
(၃) Aurelien Hayman (မေ့ပျောက်ရန် ခက်ခဲသူ)
လူတွေဟာ မေ့ပျောက်လွယ်တဲ့ အကျင့်ရှိပါတယ်။ ဥပမာ မနေ့က စားခဲ့တာကို ပြန်စဉ်းစားလို့ မရတော့တာမျိုးတွေပါ။ ဒါပေမယ့် Aurelien Hayman လို့ အမည်ရသူကတော့ သူ့အသက် ၁၁နှစ်က စပြီး ကြုံတွေ့ခဲ့ရသမျှ တခုကိုမှ မမေ့ဘူးလို့ သိရပါတယ်။ အသက် ၁၁ နှစ်ကစတင်ပြီး ဒီနေ့အထိ ဘယ်အချိန်မှာ ဘာကိုစားခဲ့တယ်ဆိုတဲ့ အကြောင်း၊ အပူချိန်ဘယ်လို ရှိကြောင်းနဲ့ ရေဒီယိုမှာ လာခဲ့တဲ့ သီချင်းတွေကိုက အစ အကုန်မှတ်မိနေတယ်လို့ သူကဆိုပါတယ်။
(၄) Wolf Boy (ဝံပုလွေများကြား ကြီးပြင်းလာသူ)
ရုပ်ရှင်ကားတွေထဲကလိုမျိုး တာဇံဆိုတာ အပြင်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ ၁၉၇၆ ခုနှစ်က အိန္ဒိယနိုင်ငံမှာ မြေခွေးအုပ်ကြားထဲ ပျော်နေတဲ့ ကလေးငယ်တယောက်ကို ရွာသားတွေက သတိပြုမိခဲ့တာဖြစ်ပါတယ်။ ဝံပုလွေတွေလို လမ်းလျှောက်လေ့ရှိပြီး လူတွေ မွေးစားချိန်မှာတော့ စကားမပြောဘူးလို့ သိရပါတယ်။ သူ့ကို မာသာထရီဆာက မွေးစားခဲ့ပါတယ်။
Ref; rd.com
You may also like these stories:
ကမ္ဘာအနှံ့က ထူးခြားတဲ့ စည်းမျဉ်းစည်းကမ်းများ
ယနေ့ထိ အဖြေရှာ မရသေးတဲ့ ကမ္ဘာကျော်တို့ရဲ့ သေဆုံးခြင်းများ
ဈေးအလွန်အကျွံဝယ်တဲ့ အကျင့်ကို တားဆီးနိုင်မယ့် နည်းလမ်းများ