လူမျိုးတိုင်းမှာ ကလေးငယ်တွေကို ထိန်းကျောင်းတဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်။ ကလေးတယောက်ကို ထိန်းကျောင်းရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ မိဘတိုင်း သိထားသင့်တဲ့ ကမ္ဘာတဝှမ်းက ကလေးထိန်းကျောင်းပုံ နည်းလမ်းတွေကို အတုယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အရုပ်အများကြီး ဝယ်မပေးပါနဲ့
ကလေးတွေကို လိုချင်တာမှန်သမျှ ဝယ်ပေးတာဟာ စည်းကမ်းမဲ့ စေပါတယ်။ အရုပ်တွေ အများကြီးရှိနေရင် တခုခုကို တန်ဖိုးထားချင်စိတ် ပျောက်သွားနိုင်သလို ဗရမ်းဗတာ နေတတ်တဲ့ အကျင့်တွေ ဖြစ်လာနိုင်ပါတယ်။ သူ့မှာ ရှိပြီးသားတွေကို တန်ဖိုးထားပြီး ကိုင်တွယ်တတ်အောင် လေ့ကျင့်သင်ကြားပေးပါ။
(၂) ဖခင်ကောင်း ဖြစ်ပါစေ
နော်ဝေးနိုင်ငံမှာဆိုရင် ကလေးရှိတဲ့ ဖခင်တွေကို အလုပ်ကနေ မကြာခဏ ခွင့်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဒီလို ခွင့်ရတဲ့ ကာလအတောအတွင်းမှာ ဖခင်တွေဟာ သားသမီးတွေနဲ့ အချိန်ဖြုန်းလေ့ရှိပြီး သားသမီးတွေရဲ့ ဘဝထဲကို ထဲထဲဝင်ဝင် ဝင်ရောက် ပါဝင်လေ့ ရှိပါတယ်။ အလုပ်ရှုပ်နေလို့ သားသမီးနဲ့ အနေဝေးတာမျိုး မဖြစ်ရအောင် စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
(၃) အားကစားမှာ ပျော်ရွှင်ပါစေ
အာရှတိုက်မှာ နေထိုင်တဲ့ မိဘ တော်တော်များများဟာ ပထမ ရဖို့အတွက် သားသမီးတွေကို တွန်းအားပေးလေ့ရှိပါတယ်။ ဒါဟာ ကလေးအပေါ်ကို ဖိအားဖြစ်စေပြီး အခန့်မသင့်ရင် စိတ်ဒဏ်ရာပါ ရနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးကို အားကစားလုပ်ခိုင်းတဲ့ အခါမျိုးမှာတောင် အားကစားမှာ ရွှေတံဆိပ်ရဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ မခိုင်းဘဲ ကျန်းမာပျော်ရွှင်တဲ့ ကလေးတယောက်အဖြစ် ကြီးပြင်းလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ ပြုလုပ်ခိုင်းစေလိုပါတယ်။
(၄) ရိုက်နှက်ပြီး မဆုံးမပါနဲ့
ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ရိုက်နှက်ပြီး ဆုံးမတာမျိုးတွေကို မပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆွီဒင်နိုင်ငံမှာ ကလေးတွေကို ရိုက်တဲ့ မိဘတွေဟာ တရားစွဲခံရလေ့ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နူးညံ့တဲ့ ကလေးတွေကို ရိုက်နှက်မယ့်အစား အခြားပုံစံနဲ့ အပြစ်ပေးတာက ပိုသင့်တော်ပါလိမ့်မယ်။
Ref; brightside
You may also like these stories:
ကလေးငယ်တွေကို စမတ်ဖုန်း ပေးမသုံးသင့်တဲ့ အကြောင်းအရင်း
ထူးခြားတဲ့ စွမ်းအားတွေ ရှိနေတဲ့ ကလေးငယ်များ
ကလေးငယ်တဦးကို ကယ်တင်ဖို့ကြိုးစားရင်း အထိုးခံလိုက်ရတဲ့ မင်းသမီး Lindsay Lohan
ထူးခြားတဲ့ အသက်မွေးဝမ်းကြောင်း ဘာသာရပ်တွေကို သင်ကြားတဲ့ ကျောင်းများ