ရုပ်ရှင် ချစ်မြတ်နိုးသူတွေအတွက် ရုပ်ရှင်ရုံတွေဟာ မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒီတခါမှာတော့ ကမ္ဘာအနှံ့အပြားက ထူးထူးခြားခြား ရုပ်ရှင်ရုံတွေအကြောင်း ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) The Archipelago Cinema
ထိုင်းနိုင်ငံမှာရှိတဲ့ ဒီရုပ်ရှင်ရုံဟာဆိုရင် ဂျာမနီနိုင်ငံသားတဦး ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ “The Rocks Yao Noi Festival” အတွက် ရည်ရွယ် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ရေပေါ်မှာ တည်ဆောက်ထားတဲ့ ဒီရုပ်ရှင်ရုံဟာ ဒေသခံ ငါးဖမ်းသမားတွေရဲ့ ဝါးဖောင် တည်ဆောက်ပုံကို နမူနာယူပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
(၂) Sol Cinema
Sol Cinema ကတော့ ဝေးလ်နိုင်ငံ တောင်ပိုင်းမှာ တည်ရှိပြီး လူ ၁၆ ဦးသာ ကြည့်လို့ရတဲ့ အသေးစား ရုပ်ရှင်ရုံငယ်လေးတခု ဖြစ်ပါတယ်။ ကမ္ဘာ့အသေးငယ်ဆုံး ဆိုလာစနစ်သုံး ရုပ်ရှင်ရုံတခုဖြစ်ပြီး သေးငယ်ပေမယ့် သာမန် ရုပ်ရှင်ရုံတွေမှာရှိတဲ့ ဝန်ဆောင်မှုတွေ အားလုံးကို ရရှိနိုင်မှာပါ။
(၃) Cinespia
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မှာရှိတဲ့ ဒီရုပ်ရှင်ရုံဟာဆိုရင် အမိုးပွင့် ရုပ်ရှင်ရုံဖြစ်ပြီး တပြိုင်နက်တည်း လူပေါင်းထောင်ချီကာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရုံမှာတော့ နောက်ဆုံးထွက် ရုပ်ရှင်တွေအစား တခေတ်တခါက နာမည်ကြီးခဲ့တဲ့ ဂန္တဝင်ရုပ်ရှင်ကားတွေကိုသာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၄) Kino Pionier
ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး ရုပ်ရှင်ရုံ တရုံဖြစ်တဲ့ Kino Pionier ဟာဆိုရင်တော့ ပိုလန်နိုင်ငံ၊ Szcecin မြို့မှာ တည်ရှိနေတာပါ။ ၁၉၀၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ ဒီရုပ်ရှင်ရုံဟာဆိုရင် ကမ္ဘာ့စစ် နှစ်ခုလုံးကို ဖြတ်သန်း တောင့်ခံနိုင်ခဲ့တဲ့ တခုတည်းသော ရုပ်ရှင်ရုံလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၁၀ သက်တမ်း ရှိပြီဖြစ်တဲ့ ဒီရုပ်ရှင်ရုံကိုတော့ ၂၀၀၂ ခုနှစ်မှာ ပြန်လည် ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref. www.digitalspy.com
You may also like these stories:
ကမ္ဘာတဝှမ်းက ထူးထူးခြားခြား ဘတ်စ်ကား မှတ်တိုင်များ
ကမ္ဘာတဝှမ်းက ထူးထူးခြားခြား စုံတွဲများ
ဂျာမနီနိုင်ငံမှာသာ ရှိတဲ့ ထူးထူးခြားခြား အရာများ
တရုတ်နိုင်ငံမှာရှိတဲ့ ထူးထူးခြားခြား နေရာများ
ဂျပန်နိုင်ငံမှာပဲ ရှိတဲ့ ထူးထူးခြားခြား ကုန်ပစ္စည်းများ
ကမ္ဘာတဝှမ်းက ထူးထူးခြားခြား Spa များ