လူမှုကွန်ရက် စာမျက်နှာမှာ ဒီနေ့ခေတ် လူငယ်တွေကြား ရေပန်းအစားဆုံး အရာကို ပြပါဆိုရင် Meme လို့ပဲ ပြောရပါလိမ့်မယ်။ ဖျော်ဖြေရေးတခု အနေနဲ့ နေရာတိုင်းနီးပါးမှာ ပါဝင်လာတဲ့ အရာတွေထဲ Meme လည်း ပါဝင်ပါတယ်။
အနောက်နိုင်ငံတွေက ကျောင်းတွေမှာဆိုရင် Meme နေ့တွေ ပြုလုပ်ပေးပြီး ပျော်ပွဲရွှင်ပွဲတွေပါ ကျင်းပ ကြပါတယ်။ အခုဖော်ပြပေးချင်တာကတော့ နာမည်ကြီး Meme တွေထဲက လူတွေရဲ့ အပြင်ဘဝက ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
(၁) Pff Guy
Pff Guy လို့ လူသိများတဲ့ Meme မှာ ပါဝင်သူကတော့ တရုတ်နိုင်ငံရဲ့ အမျိုးသား ဘတ်စကတ်ဘော အသင်းသား ဖြစ်ပါတယ်။ Yao Ming လို့ အမည်ရတဲ့ သူ့ရဲ့ ပုံကို ၂၀၀၉ ခုနှစ်က ဘတ်စကတ်ဘောပွဲတခုမှာ ရိုက်မိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ပုံကိုတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ပျော်ရွှင်နေတဲ့ နေရာမှာ သုံးပါတယ်။
(၂) The Salt Bae
Nusret Gökçe လို့ အမည်ရတဲ့ တူရကီစားဖိုမှူးကတော့ The Salt Bae ဆိုတဲ့ နာမည်နဲ့ Meme တွေထဲ ပါဝင်လာတာဖြစ်ပါတယ်။ သူ့နေ့စဉ် အလုပ်လုပ်နေကျ ပုံတပုံဟာ ဒီလို ကျော်ကြားလာလိမ့်မယ်လို့ ဘယ်သူကမှတော့ တွေးဖူးမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ပုံကိုတော့ ပေးချင်တာတွေ အများကြီး ရှိတဲ့ အခါမျိုးမှာ သုံးပါတယ်။
(၃) The Math Lady
The Math Lady ဆိုတဲ့ Meme ကတော့ တခုခုကို အကြာကြီး စဉ်းစားရတဲ့ အခါမျိုးမှာ သုံးတာဖြစ်ပါတယ်။ The Math Lady ဟာ ဘရာဇီးသရုပ်ဆောင် တဦးဖြစ်တဲ့ Renata Sorrah ရဲ့ ပုံကို အသုံးပြုထားတာ ဖြစ်ပါတယ်။
(၄) Please, Tell me More
Please, Tell me More ကိုတော့ မြန်မာနိုင်ငံမှာ တော်တော်သုံးကြပါတယ်။ ကဲ အဲ့တော့ ဘာဆက်ဖြစ်တုံး ဆိုတဲ့ စာနဲ့ တွဲပြီး သုံးကြတာကို အားလုံး မြင်ဖူးကြမှာပါ။ ဒီ Meme ဟာ ၁၉၇၁ ခုနှစ်က ထွက်ရှိထားတဲ့ Willy Wonka & The Chocolate Factory ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကြောင့် ဖြစ်ပေါ်လာတဲ့ Meme ဖြစ်ပါတယ်။
Ref. Brightside
You may also like these stories:
ဒူးရင်းသီး ဂယက်ကြောင့် အိမ်ထဲကနေ ၃ ရက်လောက် မထွက်ရဲခဲ့တဲ့ ကာယလေ့ကျင့်သူ Jordan Yeoh
အထီးကျန်သူ ဖြစ်ကြောင်း Keanu Reeves ဖြေခဲ့တဲ့ အင်တာဗျူးဟာ လုပ်ကြံဇာတ်လမ်း တခုသာဖြစ်
ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Kate Spade