ဒူးရင်းသီးခြံနဲ့ ဖြန့်ခင်းထားတဲ့ ဒူးရင်းသီးတွေကြားမှာ ခြံစိုက်တောင်သူတွေ ဆောင်းတဲ့ ဦးထုပ်ဆောင်းပြီး ပြုံးရွှင်တဲ့ မျက်နှာပေးနဲ့ တွေ့ရတတ်တဲ့ ခွေးလေး Jub Jib ဟာဆိုရင်တော့ လတ်တလောမှာ လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။
ဒီခွေးလေးကတော့ ထိုင်းနိုင်ငံ၊ Chanthaburi က ဒူးရင်းခြံပိုင်ရှင်တဦးရဲ့ အိမ်မွေးခွေးလေးတကောင်ဖြစ်ပြီး ဒူးရင်းခြံထဲမှာ သူ့သခင်ကို အမြဲလိုလို ကူညီပေးတတ်သူလည်း ဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ မျက်နှာပေးနဲ့ အမြဲလိုလို ပြုံးရွှင်နေတတ်တဲ့ ဒီခွေးလေး Jub Jib ဟာဆိုရင်တော့ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ဒူးရင်းသီးသည်ခွေးလေးဆိုပြီး လူမှုကွန်ရက်တွေပေါ်မှာ နာမည်ကြီးနေတာပါ။ Golden Retriever ခွေးအမျိုးအစားဖြစ်တဲ့ Jub Jib ဟာ ၂၀၁၄ ခုနှစ်လောက်ကတည်းက သူ့သခင်ရဲ့ ဒူးရင်းခြံထဲမှာ ကူညီပေးနေတာဖြစ်ပြီး အခုဆိုရင်တော့ သူကူညီပေးနေတာဟာ ၅ နှစ်တောင်ရှိနေပါပြီ။
ခြံစိုက်တောင်သူတွေဆောင်းတဲ့ လည်ပင်းအောက်အထိ လုံတဲ့ ဦးထုပ်မျိုးကို ဆောင်းရတာနှစ်သက်တဲ့ Jub Jib ဟာ ခြံထဲမှာ ဒူးရင်းသီးလာရောက်ဝယ်ရောက်သူတွေ ဝယ်ချင်အောင် အပြုံးချိုချိုနဲ့ ဆွဲဆောင်တတ်ပါသေးတယ်။ Jub Jib ကို ချစ်ခင်သူတွေများတာကြောင့် သူ့သခင်ဟာ သူ့အတွက် Facebook အကောင့်တခုကို သီးသန့်ဖွင့်ပေးထားပြီး သူ့ဓာတ်ပုံတွေကို နေ့စဉ်တင်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒူးရင်းသီးရာသီမှာဆိုရင်တော့ Jub Jib ဟာ ဒူးရင်းခြံကို ခြံစောင့်တဦးအနေနဲ့ ဂရုစိုက်စောင့်ရှောက်ရတဲ့အပြင် ခူးပြီးသားဒူးရင်းသီးတွေရဲ့ အရည်အသွေးကိုလည်း စစ်ဆေးရပါသေးတယ်။ နောက်ထပ်အလုပ်တခုကတော့ ဒူးရင်းသီးဝယ်သူတွေကို သူ့ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ခြံထဲကနေ ကြိုဆိုရတဲ့ အလုပ်ပါ။
ဒူးရင်းသီးရာသီကုန်သွားတဲ့အခါမျိုးမှာတော့ Jub Jib တယောက်အနားရပြီး ခြံစောင့်အလုပ်ကိုသာ ပြုလုပ်ရတော့တာပါ။
အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့ အလုပ်ကြိုးစားတဲ့ ဒီခွေးလေးနဲ့ပတ်သက်ပြီး သူ့သခင်က “ သူ့ကို စမွေးကတည်းက ဘာလုပ်ပါဆိုပြီး ခိုင်းတာမျိုး မရှိပါဘူး။ သူ့ဘာသာသူ ဒီလိုပဲ လူနောက်တကောက်ကောက်လိုက်ပြီး သင်ယူရာကနေ တတ်သွားတယ်ထင်ပါတယ်။ ဒူးရင်းသီးရာသီကုန်လို့ အလုပ်တွေနားရတဲ့ အခါမျိုးမှာလည်း သူကအငြိမ်မနေပါဘူး။ ကျမကားကို ကားရေဆေးတဲ့အခါတိုင်း သူကလာလာပြီး ကူညီပေးတတ်ပါတယ်” လို့ဆိုပါတယ်။
Ref. www.gtgoodtimes.com
You May Also Like These Stories:
ကန်စွန်းဥကင်ဆိုင်မှာ ဈေးရောင်းသူအဖြစ် လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက ခွေးလေး
ဒူးရင်းသီးအနံ့အရသာ အပြည့်အဝခံစားမိစေမယ့် ဒူးရင်းပီဇာပြုလုပ်နည်း</a
ဒူးရင်းသီးနဲ့တွဲဖက်ပြီး မစားသုံးသင့်တဲ့ အစားအစာများ
ဒူးရင်းသီးကြိုက်သူများ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ