ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးမယ့် နေ့စဉ်သုံးပစ္စည်းများ
သွားရင်းလာရင်းနဲ့ ရုတ်တရက် ဖြေရှင်းလို့ မရတော့ဘူးလို့ ထင်ရလောက်တဲ့ ပြဿနာတွေကို အားလုံးကြုံဖူးကြမှာပါ။ တကယ်တော့ ဖြတ်ထိုးဉာဏ်လေးနည်းနည်းသုံးပြီး ဖြေရှင်းလိုက်ရင် ပြေလည်မယ့် နည်းလမ်းတွေ ရှိနေပါတယ်။
ဒါကြောင့် ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးမယ့် နေ့စဉ်သုံး ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Bra
တိုက်ခန်းထဲမှာ မီးလောင်တာ စတဲ့ မတော်တဆမှုဖြစ်လာရင် မီးခိုးတွေကြောင့် အသက်ရှုကြပ်တာမျိုး မဖြစ်ရအောင် Bra ကို အသုံးပြုလို့ ရပါတယ်။ Bra မှာ ပါတဲ့ Cup က မီးခိုး၊ ဖုန်မှုန်တွေ မဝင်နိုင်အောင် မျက်နှာဖုံးအဖြစ် အသုံးပြုနိုင်ပါတယ်။
(၂) Condom
မိုးတွင်းမှာ သင့်ရဲ့ ပစ္စည်းတွေကို ရေမစိုအောင် လုပ်ပေးနိုင်တဲ့ အကောင်းဆုံး ပစ္စည်းကတော့ ကွန်ဒုံးပဲ ဖြစ်ပါတယ်။ ကွန်ဒုံးဟာ ရေစိုတာကို ကာကွယ်ပေးနိုင်တဲ့ အပြင် တောလမ်းခရီးတွေ သွားတဲ့ အခါမှာလည်း ကွန်ဒုံးထဲကို ရေထည့်ပြီး သယ်သွားလို့ ရပါသေးတယ်။
(၃) ရေဘူး
ခရီးသွားတဲ့ အခါ မီးမရှိတာပဲ ဖြစ်ဖြစ် အိမ်မှာ နေရင်းမီးပျက်သွားတဲ့ အခါတွေမှာ ဖြစ်ဖြစ် ရေဘူးကို အသုံးပြုပြီး မီးထွန်းနိုင်ပါတယ်။ ဓာတ်မီး ဒါမှမဟုတ် ဖုန်းမီးကို ရေဘူးမှာ ကပ်ထားရုံနဲ့ အလင်းတွေ ဖြာနေတာကို တွေ့ရပါလိမ့်မယ်။
(၄) အစွန်းချွတ်ဆေး
သောက်စရာ ရေမရှိတော့တဲ့ အခါတွေမှာ အစွန်းချွတ်ဆေးကို အသုံးပြုနိုင်ပါတယ်။ သန့်ရှင်းမှုသိပ်မရှိတဲ့ ရေထဲမှာ အစွန်းချွတ်ဆေး ၂ စက်လောက်ကို ထည့်ပြီး အနည်ထိုင်တဲ့ အထိစောင့်ပါ ။ ပြီးရင် သောက်နိုင်ပါပြီ။
(၅) ဖယောင်းတိုင်
ဆောင်းတွင်းအေးနေတဲ့ အချိန်မှာ မီးပျက်သွားလို့ စိတ်မပူပါနဲ့။ ဖယောင်းတိုင်ကို အသုံးပြုပြီး အနွေးပေးစက် ပြုလုပ်လို့ ရပါတယ်။ အုတ်ခဲ သုံးခုကို ဘေးမှာ ထားပြီး ဖယောင်းတိုင် ၃တိုင်လောက်ကို ထွန်းပြီး အပေါ်က မြေပန်းအိုးနဲ့အုပ်ပါ။ ဖယောင်းတိုင်ဟာ တခန်းလုံးကို အနွေးဓာတ်ပေးပါလိမ့်မယ်။
Ref;tipandtrick
You may also like these stories:
တခြားသူတွေနဲ့ အတူ မျှဝေ မသုံးစွဲသင့်တဲ့ တကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ