ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြား စီးပွားရေးတိုးတက်လာဖို့ ရည်ရွယ်ချက်နဲ့ အခုလာမယ့် စက်တင်ဘာလအတွင်း မှာ နှစ်နိုင်ငံအကြား ခရီးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တော့မှာပဲ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် နိုင်ငံအသီးသီးက လုပ်ငန်းလုပ်ကိုင်နိုင်ခွင့်လိုင်စင် ၁၀၀ ကိုလည်း ထုတ်ပေးပါလိမ့်မယ်။ သယ်ယူပို့ဆောင်ရေးအတွက် ထုတ်ပေးထားတဲ့လိုင်စင်တွေက ထိုင်းနဲ့ မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ရာပေါင်းများစွာ ဝင်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းဆိုရင်တော့ ရန်ကုန် နဲ့ သီလဝါ အထူးစီးပွားရေးဇုန်ဆိပ်ကမ်းအနီးထိလာရောက်ခွင့်ပြုထားပြီး ထိုင်းနိုင်ငံအတွင်းမှာတော့ ဘန်ကောက်နဲ့ Chon Buri မှာရှိတဲ့ Laem Chabang ဆိပ်ကမ်း အထိ ဝင်ရောက်နိုင်မှာပဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဦးစီးချုပ်ဖြစ်တဲ့ Phiraphon Thawon supha charoen က ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောကြားသွားခဲ့ ပါတယ်။
ယာဉ်မောင်းတွေရဲ့ အရည်အချင်းကိုလည်း ရွေးချယ်ဆန်းစစ်သွားမယ်လို့ သူကပြောခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံရဲ့ ယာဉ်မောင်းတွေအနေနဲ့ကတော့ မဲဆောက်ခရိုင်ကနေသူတို့ရဲ့ခရီးစဉ်ကို စတင်နိုင်မှာဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေးတံတားကိုဖြတ်ကူးပြီး မြဝတီ ၊ ရန်ကုန်နဲ့ သီလဝါဆိပ်ကမ်း တွေကို သွားရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံယာဉ်မောင်းတွေအနေနဲ့လည်း လမ်းကြောင်း ၂ ခုကနေ ယာဉ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းတွေကတော့ မြဝတီ – မဲဆောက် စစ်ဆေးရေးဂိတ် – Mukdahan လမ်း ကြောင်းနဲ့ မဲဆောက် – ဘန်ကောက် – Lean Chabang လမ်းကြောင်းတွေပါပဲ။
ထိုင်းနိုင်ငံဟာ လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့လည်း နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားပါသေးတယ်လို့ Mr Phiraphon က ပြောပါတယ်။
Ref:bangkokpost
You may also like these stories:
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဆုန်ခရန်ပွဲတော်
အာကာသထဲ ဒူးရင်းသီး ပို့လွှတ်ဖို့ စီစဉ်နေတဲ့ ထိုင်းနိုင်ငံ
ထိုင်းက နာမည်ကျော် မာယာပင်လယ်အော်ကို အာဏာပိုင်တွေက ယာယီပိတ်မယ်