လူသားတွေ အိပ်ရာက နိုးလာပြီဆိုရင် ပထမဆုံး ဘာလုပ်သင့်သလဲ။ ဒီမေးခွန်းကိုမေးရင် အဖြေအမျိုးမျိုး ကြားရနိုင်ပါတယ်။ ဥပမာ – အိပ်ရာကထ၊ မျက်နှာသစ်၊ သွားတိုက်လို့ ဖြေမလား။ ဘုရာရှိခိုး၊ အိပ်ယာသိမ်း၊ အလုပ်သွားလို့ ဖြေမလား။
တကယ်တော့ ကမ္ဘာကြီးမှာ လူတွေ နေ့စဉ် အိပ်ရာဝင်လို့ အိပ်သွားပြီဆိုရင် ပြန်မနိုးတော့ဘဲ အပြီးတိုင် အိပ်မောကျ ကွယ်လွန်သွားသူတွေဟာ တနေ့တနေ့မှာ လူ ၁ သန်းလောက် ရှိတယ်လို့ သိရတယ်။
ဒါကြောင့် ကိုယ်က အိပ်ရာက နိုးထလာသူဆိုရင်တော့ မျက်လုံး နှစ်လုံးကို ဖွင့်လိုက်ပြီဆိုတာနဲ့ လောကကြီးကို ကြည်ကြည်နူးနူးနဲ့ နှုတ်ဆက်ဖို့ပဲ ဖြစ်ပါတယ်။ နေ့သစ်ကို အပြုံးနဲ့ ကြိုဆိုဖို့ပဲ ဖြစ်ပါတယ်။ “ငါဟာ မသေသေးဘဲ အိပ်ရာက နိုးထပြီ၊ ကျေးဇူးတင်တယ်၊ မင်္ဂလာပါ” ဆိုတာမျိုးပေါ့။
ပြီးရင် ကိုယ်လက်သန့်စင်၊ ဘုရားဝတ်ပြု၊ တရားခဏ ထိုင်ချင်ထိုင် (စိတ်ကြည်လင်တာပေါ့၊ အလုပ်မှာ အနှောင့်အယှက် နည်းတာပေါ့) ကျန်းမာရေး လေ့ကျင့်ခန်းကို ၁၅ မိနစ်လောက် လုပ်သင့်ပါတယ်။
ပင်ပန်းတဲ့ ချွေးထုတ်တဲ့ လေ့ကျင့်ခန်းမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ Yoga, Chi Gong, Tai Chi စတဲ့ ကစားနည်းတွေကို လုပ်သင့်တယ်။ (ကိုယ့်ရဲ့ အိပ်ရာကို သေသေချာချာ စည်းကမ်းတကျ သိမ်းဖို့လည်း မမေ့ပါနဲ့။ ဒီလို အိပ်ရာကို မနက်လင်းတိုင်း သေသေချာချာ စည်းကမ်းတကျ သိမ်းတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု ပိုရှိတယ်လို့ လေ့လာစစ်တမ်းတွေက ဆိုပါတယ်။
ပြီးပြီဆိုရင်တော့ “Affirmation” လို့ခေါ်တဲ့ မိမိကိုယ်ကို ရည်ရွယ်ပြီး ပြောဆိုတဲ့ (ကတိပေးတိုင်တည် သဘောတူညီချက်) ကို ရွတ်ဆိုရပါတယ်။ အဲဒါကတော့ မိမိဖြစ်ချင်တဲ့ ဆန္ဒရှိတဲ့ ရည်မှန်းချက်ကို ၅ မိနစ် ၁၀ မိနစ်ခန့် ရွတ်ဆိုခြင်းပဲ ဖြစ်ပါတယ်။
ဥပမာဆိုရရင် “ပျော်ရွှင်ချင်တယ်”၊ “စိတ်ချမ်းသာချင်တယ်”၊ “အလုပ်အကိုင် ရာထူးတိုးချင်တယ်”၊ “ချမ်းသာ ကြွယ်ဝချင်တယ်”၊ “စာမေးပွဲအောင်ချင်တယ်” ဒီလိုမျိုး မိမိရဲ့ဆန္ဒကို အကြိမ်ကြိမ် အဖန်ဖန် နှုတ်က အသံထွက် ပြောဆိုရပါတယ်။ ဒါကို ဦးနှောက်ကလိုက်ပြီး သူ့ရဲ့ Software ထဲမှာ မှတ်သားထားပါလိမ့်မယ်။ Program အသစ် ထည့်ပေးပါလိမ့်မယ်။ ဒီလို အကြိမ်များစွာ လုပ်ပြီဆိုရင် ဘဝမှာ ထူးခြားကောင်းမွန်တဲ့ ရလဒ်တွေကို တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ ကြိုးစားကြည့်ပါ။
You may also like these stories:
မနက်စာ ပုံမှန် မစားသူတွေက သေဆုံးနိုင်ခြေ ၂ ဆ ပိုများ
မနက်ပိုင်း လမ်းလျှောက်ခြင်းကြောင့် သွေးတိုးရောဂါကို လျော့ချနိုင်
မနက်ခင်းမှာ ကော်ဖီထက် သင့်ကို ပိုမိုလန်းဆန်းစေနိုင်မယ့် အမူအကျင့် ၅ မျိုး
သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေဖို့ မနက်ခင်းတိုင်း ပြုလုပ်သင့်တဲ့ အချက် ၇ ချက်