ဦးရေပြား အဆီပြန်သူတွေ၊ ခေါင်းချွေး ထွက်တတ်သူတွေနဲ့ ဆံသားသန့်ရှင်းမှု အားနည်းသူတွေရဲ့ နဖူးတဝိုက်မှာ ဝက်ခြံတွေ ဖြစ်ပေါ်တတ်ပါတယ်။ နဖူးတဝိုက်က ဝက်ခြံတွေဟာ မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေထက် ကုသရခက်တာကြောင့် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းတွေကို အသုံးပြုပေးနိုင်ပါတယ်။
(၁) ပန်းသီး ရှာလကာရည်
ပန်းသီး ရှာလကာရည်ဟာ ဝက်ခြံကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောကာ ဂွမ်းစနဲ့ တို့ယူပြီး ဝက်ခြံရှိတဲ့ နဖူးတဝိုက်ကို လိမ်းကျံပေးပါ။ ပြီးရင်တော့ မိနစ် ၂၀ လောက် ထားပြီး ရေနဲ့ ပြန်လည် ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။
(၂) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ် အပင်ကရတဲ့ ရှားစောင်းလက်ပပ် ဂျယ်လ်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို လျော့ကျစေနိုင်တာကြောင့် ဝက်ခြံတွေရှိတဲ့ နဖူးတဝိုက်ကို ရှားစောင်းလက်ပပ်ဂျယ်လ်နဲ့ ပွတ်တိုက်ပေးပါ။ နာရီဝက်ခန့် ထားပြီးရင်တော့ ရေနဲ့ သေချာ ပြန်လည်ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ညအိပ်ခါနီးတိုင်း ပြုလုပ်ပေးခြင်းဟာ ဝက်ခြံတွေကို သိသိသာသာ သက်သာပျောက်ကင်းစေမှာပါ။
(၃) ခရမ်းချဉ်သီး
ဝက်ခြံတွေကို ကုသရာမှာ ခရမ်းချဉ်သီးဟာလည်း အစွမ်းထက်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ ရေနဲ့ သေချာ ဆေးကြောထားတဲ့ ခရမ်းချဉ်သီးကို ထက်ခြမ်း ခြမ်းကာ ဝက်ခြံတွေ ရှိတဲ့ နဖူးတဝိုက်ကို ပွတ်တိုက်ပေးပြီး နာရီဝက်ခန့် အကြာမှာ ရေနဲ့ ဆေးကြော သန့်စင်ပေးရမှာ ဖြစ်ပါတယ်။
(၄) ပျားရည်
ပျားရည်ဟာဆိုရင်လည်း ဝက်ခြံကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ဝက်ခြံတွေ ပျောက်ကင်းဖို့ များစွာ အထောက်အကူ ပြုပါတယ်။ ပျားရည် အနည်းငယ်ကို ဝက်ခြံရှိတဲ့ နဖူးပေါ် သုတ်လိမ်းပေးရုံနဲ့ ဝက်ခြံနဲ့ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။
Ref. www.stylecraze.com
You May Also Like These Stories:
ဝက်ခြံတွေဖြစ်ပေါ်နေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အချက် ၅ ချက်
ဝက်ခြံကနေတဆင့် သိနိုင်တဲ့ သင့်ကျန်းမာရေး အခြေအနေ
မုန့်ဖုတ်ဆိုဒါရဲ့ အံ့မခန်း အသုံးဝင်ပုံများ
သင့်ရဲ့ ရုပ်ရည်က ပြောတဲ့ သင့်ကျန်းမာရေး အကြောင်း