အသက် ၅၆ နှစ်အရွယ်ရှိတဲ့ ထိုင်းနိုင်ငံက အမျိုးသမီးမော်ဒယ် Ms Sopit Soonthorntanasatit ဟာ သူမရဲ့ နုပျိုနေဆဲ အလှကြောင့် လူမှုကွန်ရက်မှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။
အသက်အရွယ်ဟာ ကိန်းဂဏန်း တခုသာဖြစ်ကြောင်းကို သက်သေပြနေတဲ့ သူမဟာ ထိုင်းနိုင်ငံရဲ့ Photo Model တဦးဖြစ်ပြီး ထိုင်းပိုးထည်တွေနဲ့ ထိုင်းရိုးရာ ဝတ်စုံကြော်ငြာတွေမှာ ပင်တိုင် မော်ဒယ်အဖြစ် လုပ်ကိုင်နေတာပါ။ သားသမီး ၃ ယောက်ရဲ့ မိခင်ဖြစ်သူ Sopit Soonthorntanasatit ဟာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတခုနဲ့ နွေးထွေးတဲ့ မိသားစုဘဝကို ထူထောင်ထားနိုင်သူပါ။
သူမရဲ့ Facebook Page မှာဆိုရင်လည်း အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ် အကြံဉာဏ်တွေကို အမြဲလိုလို ဝေမျှပေးနေတာဖြစ်ပြီး သားသမီးတွေကို ထိန်းသိမ်း စောင့်ရှောက်ရာမှာ သိထားသင့်တဲ့ အချက်တွေကိုလည်း ဝေမျှပေးနေတာ ဖြစ်ပါတယ်။
“မိဘတယောက် ဖြစ်ပြီ ဆိုတာနဲ့ သားသမီးတွေရဲ့ အခန်းကဏ္ဍပေါင်းစုံကနေ ပါဝင်ရတော့တာပါပဲ။ အမေတယောက် အနေနဲ့ရော၊ ဆရာတယောက် အဖြစ်ရော၊ သူငယ်ချင်းကောင်းတဦး အဖြစ်နဲ့ပါ သူတို့အတွက် တည်ရှိပေးနေတာပါ” လို့ သူမက ဆိုပါတယ်။
“အိမ်ထောင်ရေးတခုကလည်း အမြဲလိုလို နတ်သမီးပုံပြင်တွေထဲကလို ပျော်ရွှင်သာယာနေတာ မဟုတ်ပါဘူး၊ ကောင်းတလှည့်၊ ဆိုးတလှည့်မှာ ဘယ်လိုပုံစံနဲ့ရှေ့ဆက်သွားမလဲဆိုတာကို တိုင်ပင်ညှိနှိုင်းနေရတာမျိုးပါ” လို့ သူမက ဆက်လက် ဖြေသွားခဲ့ပါတယ်။
အသက် ၅၆ နှစ်အရွယ်အထိ ကျန်းမာနုပျိုလှပနေရတဲ့ လျှို့ဝှက်ချက်တွေကိုလည်း သူမက မျှဝေတတ်ပါသေးတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ စားသောက်နေထိုင်မှုပုံစံတွေကို သူမရဲ့ Facebook Page ကနေတဆင့် ပြန်လည်မျှဝေတတ်ပြီး ဘဝနေထိုင်မှုပုံစံတွေကိုလည်း အမြဲရှင်းလင်း ပြောကြားတတ်သူပါ။
သူမအနေနဲ့ ဒီမော်ဒယ်အလုပ်ကို သူမ လုပ်နိုင်တဲ့အချိန်အထိ ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာတော့ သူမဟာ အသက်အကြီးဆုံးနဲ့ အောင်မြင်မှုရရှိနေတဲ့ မော်ဒယ်တဦးလည်း ဖြစ်ပါတယ်။
Ref. mustsharenews.com
You may also like these stories:
ယနေ့ထိတိုင် ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင် မိုးဟေကိုရဲ့ လျှို့ဝှက်ချက်
အသက် ၂၂ နှစ်အရွယ် Down Syndrome ဝေဒနာရှင် မော်ဒယ်မိန်းကလေး
အနှစ် ၂၀ လောက် ခေါင်းမလျှော်တဲ့ တကယ့် အပြင်လောကက Rapunzel မင်းသမီး
ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီး