Trend

ဂင်းနစ်မှတ်တမ်းဝင် သဲနဲ့ တည်ဆောက်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရဲတိုက်

ဂျာမနီနိုင်ငံကတော့ သဲနဲ့ဆောက်တဲ့ ရဲတိုက်ပွဲတော်ကို နှစ်စဉ်လိုလို ကျင်းပပေးလေ့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွက်တော့ ဂျာမနီနိုင်ငံ၊ Binz မြို့၊ ဘောလ်တစ် ပင်လယ်က Ruegan ကျွန်းမှာ ကျင်းပခဲ့ပါတယ်။

ဂင်းနစ်မှတ်တမ်းထဲ ဝင်သွားနိုင်ခဲ့တဲ့ ကမ္ဘာအမြင့်ဆုံး သဲနဲ့ဆောက်တဲ့ ရဲတိုက်ရဲ့အမြင့်ကတော့ ၁၇ ဒဿမ ၆၆ မီတာ(၅၉ ဒဿမ ၉၄ ပေ) အမြင့် ရှိပါတယ်။ ၂၀၁၉ ခုနှစ် မတိုင်ခင်ကတော့ ဂင်းနစ်မှတ် တမ်းထဲဝင်နိုင်ခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံး သဲနဲ့ဆောက်တဲ့ရဲတိုက်ရဲ့အမြင့်ကတော့ ၁၆ ဒဿမ ၆၈ မီတာ (၅၄ ဒဿမ ၇၂ ပေ) ရှိခဲ့ပြီး Duisburg မြို့မှာ ၂၀၁၇ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ အခုတော့ ၂၀၁၇ ခုနှစ်တုန်းက တင်ထားခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါပြီ။

Duisburg မြို့မှာ ၂၀၁၇ ခုနှစ်က တည်ဆောက်ခဲ့တဲ့ သဲရဲတိုက်ကိုတော့ သဲတန်ချိန်ပေါင်း ၅,၀၀၀ တန် အသုံးပြုပြီး တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ Binz မြို့မှာ တည်ဆောက်ခဲ့တဲ့ စံချိန်တင် ကမ္ဘာ့အမြင့်ဆုံး သဲနဲ့ဆောက်တဲ့ ရဲတိုက်ကိုတော့ သဲတန်ချိန်ပေါင်း ၁၁,၀၀၀ တန် အသုံးပြီး တည်ဆောက်ခဲ့ပါတယ်။ Binz မြို့သားတွေ တည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံး သဲနဲ့ ဆောက်တဲ့ ရဲတိုက်ကိုတော့ နိုဝင်ဘာလအထိ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ပင်လယ်ကမ်းခြေမှာ ကျင်းပလေ့ရှိတဲ့ သဲပွဲတော်ကိုတော့ Binz မြို့မှာ ၂၀၁၀ ခုနှစ်ကနေ ကျင်းပလာခဲ့တာ အခုအချိန် တိုင်အောင်ပါပဲ။ ၂၀၁၀ ခုနှစ်မှာတော့ ဂျာမနီနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကို သဲပွဲတော်မှာ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ရာကနေ စတင် ကျင်းပလာခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ဂျာမနီနိုင်ငံရဲ့ ပြက္ခဒိန်ထဲမှာ သဲပွဲတော်ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲတော်ကိုတော့ နိုင်ငံတကာက အနုပညာရှင်တွေ ပါဝင်ဆင်နွှဲလေ့ ရှိကြပါတယ်။

Binz မြို့မှာ ဒီနှစ်တည်ဆောက်ခဲ့တဲ့ သဲရဲတိုက်ကတော့ “Game of Thrones” ဇာတ်ကားမှာ ပါဝင်တဲ့ ရဲတိုက်ပုံစံနဲ့ ဆင်တူအောင် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

သဲနဲ့ ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်လည်း ထာဝရ တည်ရှိနေမယ့် အရာတော့ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိတော့ Binz မြို့က ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အမြင့်ဆုံး သဲနဲ့ ဆောက်တဲ့ ရဲတိုက်ကို သွားရောက် ကြည့်ရှုနိုင်ပါသေးတယ်။ လက်မှတ် တစောင်ကို လူကြီးအတွက် ဒေါ်လာ ၉ ဒဿမ ၆၀ ကျသင့်မှာဖြစ်ပြီး ကလေးအတွက်ဆိုရင် ဒေါ်လာ ၆ ဒဿမ ၂၁ ကျသင့်ပါလိမ့်မယ်။

Ref. edition.cnn , ruegenbinz.de

You May Also Like These Stories:

အသက် ၂၁ နှစ်အရွယ်နဲ့ ကမ္ဘာမှာ ရှိသမျှ နိုင်ငံအားလုံးကို လည်ပတ်ခဲ့တဲ့ အမျိုးသမီး

ဥရောပတိုက်မှာ ရှိတဲ့ အလှဆုံး ရဲတိုက်များ

ကမ္ဘာ့အမြင့်ဆုံး ရုပ်တုအကြောင်း

Loading