“ငယ်ပါ ဆံသဆိုင်” (Brooklyn Ball Barbers) လို့ အမည်ရတဲ့ ဆိုင်တဆိုင်အကြောင်းဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံလျက် ရှိပါတယ်။ ဗီဒီယိုအနေနဲ့ ပျံ့နှံ့လာတဲ့ ဒီဆိုင်ဟာ အမျိုးသားတွေရဲ့ ငယ်ပါကို ပိုပြီး လှအောင် အမွေးညှပ်ကာ ပုံသွင်း အလှဆင်ပေးတယ်လို့ ဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
တကယ်တော့ ဒီဗီဒီယိုဟာ Central Comedy ဆိုတဲ့ ဟာသ ရုပ်သံလိုင်းရဲ့ အစီအစဉ်တခုဖြစ်ပြီး အဲဒီဆံသဆိုင်ဟာ အမှန်တကယ် တည်ရှိတာ မဟုတ်ဘူးလို့ သိရပါတယ်။
“Brooklyn Ball Barbers” ဆိုင်အကြောင်း ဗီဒီယိုဖိုင်
ရုပ်သံထဲမှာတော့ ဆံသဆရာတဦးဟာ အမျိုးသား အင်္ဂါ (ငယ်ပါ) မှာ ရှိတဲ့ အမွေးတွေကို ညှပ်ပေးကာ လိုသလို ပုံဖော်ပေးနေပြီး သူတို့ဟာ ပွဲလမ်းသဘင် သွားဖို့ ရှိတဲ့ အမျိုးသားတွေရဲ့ ငယ်ပါကို ဆံသပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့ ငယ်ပါမွေးကို ပုံစံအမျိုးမျိုး ပုံသွင်းလေ့ ရှိကြပြီး ဒါကိုလည်း ကျေနပ်အားရမှုတွေ ရှိကြတယ်လို့ ဆိုပါတယ်။
ဒီဆံသဆိုင်အကြောင်းဟာ Comedy Central Youtube ရုပ်သံလိုင်းရဲ့ “Mini-Mocks” ဆိုတဲ့ စီးရီးတွဲမှာ ပါရှိတာ ဖြစ်ပါတယ်။ ဒီစီးရီးတွဲဟာ ဟာသဗီဒီယိုတွေကို မှတ်တမ်းရုပ်ရှင် သဘောမျိုး တင်ဆက်လေ့ ရှိတဲ့ စီးရီးတွဲ တခုလည်း ဖြစ်ပါတယ်။
Ref. viewing.nyc
You may also like these stories:
ကမ္ဘာတဝှမ်းက ထူးထူးခြားခြား ရုပ်ရှင်ရုံများ
ကမ္ဘာတဝှမ်းက ထူးထူးခြားခြား စုံတွဲများ
ကမ္ဘာကျော်တွေရဲ့ ထူးထူးခြားခြား ဝိတ်ချနည်းများ
တရုတ်နိုင်ငံမှာရှိတဲ့ ထူးထူးခြားခြား နေရာများ