Bahraini (ဘာရိန်း) ကျွန်းမှာ တည်ဆောက် ဖွင့်လှစ်မယ့် ရေအောက်ပြတိုက်တခုမှာ Boeing 747 လေယာဉ်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဘာရိန်းကျွန်းရဲ့ နိုင်ငံခြားခရီးသွားလာရေး ဝန်ကြီးဖြစ်တဲ့ Rashid Al Zayani ကတော့ ဒါဟာ ရေအောက် နှစ်မြုပ်မယ့် အကြီးမားဆုံး အရာဝတ္ထုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
ရေအောက်ပြတိုက်လုပ်ငန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းနဲ့ ဘာရိန်း ခရီးသွားလာရေးနဲ့ ပြခန်းဦးစီးဌာနတို့က ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ရေအောက်ပြတိုက်မှာ ဘာရိန်း ပုလဲကုန်သည်များရဲ့ နေအိမ်ပုံစံတူတွေ ပါရှိနိုင်ပြီး သန္တာကျောက်တန်း ပုံစံတူတွေကို ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
လာရောက် လည်ပတ်လိုသူတွေအနေနဲ့ ရေအောက် အားကစားဌာနမှာ လာရောက် စာရင်းသွင်းနိုင်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ ဖွင့်လှစ်သွားမယ်လို့ ဝန်ကြီး Rashid Al Zayani က ပြောပါတယ်။
ဒီလို ဖွင့်လှစ်ရတာဟာ ရေအောက်ကမ္ဘာကို လူတွေအနေနဲ့ ပိုပြီး တန်ဖိုးထားအောင်ဖြစ်ပြီး ခရီးသွားတွေကို ဆွဲဆောင်ဖို့လည်း ဖြစ်ပါတယ်။ လေယာဉ်ကို ရေအောက်ချဖို့ အတွက် ပြုပြင်တာတွေ ပြုလုပ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက CNN သတင်းဌာနကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။
Ref. CNN
You May Also Like These Stories:
ပင်လယ်ထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန်ပစ္စည်းများ
ဂစ်တာပုံစံ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဂစ်တာဟိုတယ်
လေယာဉ်ဟောင်းကို ဝယ်ယူပြီး အိမ်အဖြစ် ပြုလုပ်နေထိုင်နေတဲ့ အမျိုးသား