သန်းကြွယ်သူဌေးကြီး Bill Gates နဲ့ ဇနီးဖြစ်သူ Melinda တို့ရဲ့ အိမ်ထောင်သက်တမ်း ရှည်ကြာမှုနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ချက်ကတော့ သာတူညီမျှမှု ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ အိမ်ထောင်သက်တမ်းဟာ ၂၅ နှစ် ရှိပြီဖြစ်ပြီး အလုပ်က ညစာ စားပွဲတခုမှာ တခုံတည်း ထိုင်မိရာက ချစ်ဇာတ်လမ်း စခဲ့ကြတယ်လို့ ဆိုပါတယ်။
အိမ်ထောင်မပြုခင်ကလည်း Bill Gates ဟာ ဇနီးဖြစ်သူ Melinda ကို အရမ်းငဲ့ညှာသူဖြစ်တယ်လို့ ခင်မင်ရင်းနှီးသူတွေက ဆိုပါတယ်။ အလုပ်အရမ်းများတဲ့ သူတို့ ဇနီးမောင်နှံဟာ အိမ်မှုကိစ္စတွေကို တယောက် တလှည့်ပြုလုပ်ဖို့ ကတိကဝတ် ပြုခဲ့ကြပါတယ်။
အိမ်ထောင်တခုမှာ အိမ်မှုကိစ္စအလုပ်တွေဟာ အခကြေးငွေ ရတဲ့ အလုပ်တွေ မဟုတ်ပေမယ့် ဇနီးဖြစ်သူတွေက အိမ်မှုကိစ္စတွေကို အမြဲတမ်း ပိုပြီး လုပ်ရတာကြောင့် အခုလိုမျိုး နှစ်ဦးသဘောတူ သာတူညီမျှ အလုပ်တွေ အတူ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ Bill Gates က ဆိုပါတယ်။
“အမျိုးသမီးတွေက ပိုက်ဆံမရတဲ့ အိမ်မှုကိစ္စတွေကို အချိန်တွေ အများကြီးလုပ်ရပြီး အမျိုးသားတွေထက် ဝန် ပိုထမ်းနေရပါတယ်။ သူတို့ရဲ့ အလုပ်ချိန်တွေကို လျှော့ချပေးဖို့ အမျိုးသားတွေကလည်း တတ်နိုင်သလောက် ကူညီပေးမယ်ဆိုရင် ပိုပြီး သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်”လို့ Bill Gates က ပြောပါတယ်။
Melinda ဟာ ပထမဆုံးကလေးကို ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ အလုပ်များလွန်းတဲ့ Bill Gates ကြောင့် အထီးကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေကို သိသွားတဲ့ Bill Gates ဟာ သူတို့ရဲ့ အိမ်ထောင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပြီး အလုပ်တိုင်းကို အညီအမျှ ခွဲဝေလုပ်ကိုင်ကြမယ်ဆိုတဲ့ အဖြေကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တဦးဖြစ်သူ၊ ပရဟိတ လုပ်ငန်းတွေအများကြီးကို လုပ်ဆောင်နေတဲ့ သန်းကြွယ်သူဌေးကြီး Bill Gates က အင်တာဗျူးတခုမှာ “အလုပ်တွေ ဖိစီးပြီး စိတ်တိုနေတဲ့ ကျနော့် မိန်းမကို ကူညီတဲ့အနေနဲ့ ကျနော် ညဘက်တိုင်းမှာ ပန်းကန် ကူဆေးပေးပါတယ်။ ဒါဟာ ကျနော်တို့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ပါပဲ”လို့ ဖြေခဲ့ပါတယ်။
You may also like these stories:
ဘေလ်ဂိတ် ဟောပြောပွဲကို မစင်တွေ ယူလာပြရခြင်း နောက်ကွယ်
Mark Zuckerberg ကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းမှု မအောင်မြင်
Alibaba ကနေ Jack Ma မကြာခင် အနားယူတော့မည်
“ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်” ဖြစ်လာတဲ့ Amazon တည်ထောင်သူ Jeff Bezos
ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတဲ့ Mark Zuckerberg