လူဦးရေ ထူထပ်ပြီး ကားအစီးရေ များပြားလာမှုတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဟာ နိုင်ငံ တော်တော်များများမှာ ပြဿနာတခုလို ဖြစ်လာနေပြီး နေ့စဉ်လှုပ်ရှားသွားလာမှုမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတခုလည်း ဖြစ်လာပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဟာ နိုင်ငံတိုင်းလိုလို ကြုံတွေ့နေရတဲ့ ပြဿနာတခုဖြစ်ပြီး အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) ထိုင်း
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာဆိုရင်တော့ လူဦးရေ ထူထပ်လာတာနဲ့အမျှ ကားအစီးရေ များပြားလာတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေကို နေ့စဉ် ကြုံတွေ့နေရပါတယ်။ ကားအစီးရေ များပြားလွန်းတဲ့အပြင် ကမ္ဘာလှည့် ခရီးသွားဧည့်သည် အဝင်အထွက် များခြင်းကလည်း ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြစ်ပွားစေပါတယ်။
(၂) တရုတ်
လူဦးရေ ထူထပ်တဲ့ တရုတ်နိုင်ငံဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို စနစ်တကျ ပြုလုပ်ထားပေမယ့် ကားအစီးရေ များပြားခြင်းနဲ့ ကားပိုင်ဆိုင်မှုနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်နေပါတယ်။
(၃) အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ဟာဆိုရင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး မြို့တမြို့ ဖြစ်တဲ့အပြင် တနေ့တာမှာ အချိန် ၄ နာရီလောက်ဟာ ကားပိတ်ခြင်းနဲ့ ကုန်ဆုံးနေရပါတယ်။ ၂၀၁၉ ခုနှစ်မှာ မြေအောက်သွားလာရေး စနစ်တွေ အကောင်အထည် ဖော်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု နည်းပါးလာဖို့တော့ မျှော်လင့်ရပါတယ်။
(၄) မက္ကဆီကို
မြောက်အမေရိကရဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ မက္ကဆီကိုနိုင်ငံမှာတော့ ယာဉ်မောင်းသူတွေဟာ တနေ့တာရဲ့ ၉၆ ရာခိုင်နှုန်းလောက်ကို ယာဉ်ကြောပိတ်ဆို့ခြင်းနဲ့ အချိန်ကုန်ဆုံးနေရတယ်လို့ သိရပါတယ်။ စစ်တမ်းတွေအရ မက္ကဆီကိုနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း နာရီပေါင်း ၂၁၉ နာရီခန့်ဟာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်ကုန်ဆုံးနေရတယ်လို့ သိရပါတယ်။
(၅) ရိုမေးနီးယား
ရိုမေးနီးယားနိုင်ငံ၊ Bucharest မြို့တော်ဟာဆိုရင် ဥရောပတခွင်မှာ ယာဉ်ကြောပိတ်ဆို့မှု အဖြစ်ဆုံးမြို့ လို့တောင် ပြောလို့ ရပါတယ်။ မနက်ခင်းနဲ့ ညနေခင်းအချိန်တွေဟာ ယာဉ်ကြောအပိတ်ဆုံးအချိန်တွေ ဖြစ်ပြီး ကားတခါ ပိတ်တဲ့အခါတိုင်းလည်း နာရီပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။
Ref. www.worldatlas.com
You may also like these stories:
၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းစာရင်းဝင် လေဆိပ်များ
အမေရိကန် အကူအညီနှင့် ကင်ဆာဆေးများ အခမဲ့ ပေးနိုင်ရန် စီစဉ်နေ ဟုဆို
ကမ္ဘာပေါ်မှာ မုဒိမ်းမှု အဖြစ်ပွားဆုံး နိုင်ငံများ