အိန္ဒိယနိုင်ငံက စတန့်သမားတဦးဟာ ခြေ၊ လက်တွေကို ကြိုးနဲ့ ချည်ပြီး မြစ်ထဲ ချခိုင်းတဲ့ စတန့်ပြကွက် ပြုလုပ်ရင်း ဇွန်လ ၁၆ ရက်နေ့က မြစ်ထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အသက် ၄၀ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အဲဒီ စတန့်သမားဟာ ကမ္ဘာကျော် အမေရိကန်စတန့်သမား Harry Houdini ရဲ့ ပြကွက်အတိုင်း ပြန်လည်ပြုလုပ်ဖို့ ကြိုးစားခဲ့တာပါ။
Chanchal Lahiri လို့ အမည်ရတဲ့ စတန့်သမားဟာ ခြေလက်တွေကို သံကြိုးနဲ့ တုပ်နှောင်စေပြီး ရေထဲ ချခိုင်ကာ ရေထဲက ပြန်လည်ထွက်လာမယ့် ပြကွက်ကို ပြမှာဖြစ်ပေမယ့် ရေထဲကနေ ပြန်လည် ထွက်လာခြင်းမရှိကြောင့် လာရောက် ကြည့်ရှုသူများနဲ့ ရဲများက အပူတပြင်း ရှာဖွေခဲ့ရပါတယ်။
ဒီပြကွက်ကို အနောက် ဘန်ဂါးလ်ပြည်နယ်၊ ဟူဂါလီမြစ်မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရေထဲမှာ ပျောက်ဆုံးသွားပြီး နောက်တရက်အကြာ ဇွန်လ ၁၇ ရက်နေ့မှာ စတန့်ပြရာနေရာရဲ့ ၁ ကီလိုမီတာရဲ့ အကွာမှာ တွေ့ရှိခဲ့ပြီး သေဆုံးပြီး ဖြစ်တယ်လို့ ရဲဌာနက အတည်ပြုခဲ့ပါတယ်။
“ကျနော်တို့က သူ့ကို စတန့်ပြဖို့ ခွင့်ပြုချက်ပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူဟာ တောင်းဆိုထားတာထက်ပိုပြီး ပြကွက်ကို ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေတော့ ပြုလုပ်သွားမှာပါ”လို့ ကိုးလ်ကတ္တား ရဲဌာနက ဆိုပါတယ်။
Chanchal Lahiri ဟာ ၂၀၁၃ ခုနှစ်ကလည်း အခုလို ပြကွက်မျိုး ပြုလုပ်ခဲ့ဖူးပြီး အောင်မြင်မှုရရှိခဲ့သူ ဖြစ်ပါတယ်။
Ref. NewsIndia
You may also like these stories:
သရုပ်ဆောင်တွေနဲ့ အမြွှာတွေလို့ ထင်ရလောက်အောင်တူတဲ့ စတန့်သမားများ
iKON အဖွဲ့မှ B.I နုတ်ထွက်ခြင်း မပြုရန် အသနားခံ တောင်းဆိုသူ ၅ သိန်းခွဲအထိ ရှိလာ
မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် iKON အဖွဲ့ဝင် B.I အေဂျင်စီမှ နုတ်ထွက်