ရာဝဏ-၁ (Raavana 1) လို့ အမည်ရတဲ့ ဂြိုဟ်တုကို နိုင်ငံတကာအာကာသစခန်း (ISS) ကနေ ကမ္ဘာပတ်လမ်းကြောင်းအတွင်းကနေ ဂျပန်၊ နီပေါနိုင်ငံတွေက အခြား ဂြိုဟ်တု ၃ လုံးနဲ့ အတူ လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။
အလေးချိန် ၂ ဒဿမ ၃ပေါင် ရှိတဲ့ အဲဒီဂြိုဟ်တုကို သီရိလင်္ကာစံတော်ချိန် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး အရွယ်အစား အလျား ၄ ဒဿမ ၄လက်မ၊ အနံ ၃ ဒဿမ ၉ လက်မ၊ အမြင့် ၃ဒဿမ ၉ လက်မရှိတဲ့ ဂြိုဟ်တုဖြစ်ပါတယ်။
ရာဝဏ-၁ ကို ဂျပန်နိုင်ငံမှာ အာကာသသိပ္ပံပညာ သင်ကြားနေတဲ့ Tharindu Dayaratne နဲ့ Dulani Chamika ဆိုတဲ့ အင်ဂျင်နီယာ နှစ်ဦးက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
သီရိလင်္ကာအင်ဂျင်နီယာနှစ်ဦး တည်ဆောက်ခဲ့တဲ့ ဂြိုဟ်တုကို ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ (Japan Aerospace Exploration Agency) ထံ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာ တရားဝင်လွှဲပြောင်းအပ်နှံခဲ့ပြီး ISS သို့ ဧပြီ ၁၇ ရက်မှာ Cygnus-1 အမေရိကန်အာကာသယာဉ်ဖြင့် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တုဖြစ်တဲ့ ရာဝဏ-၁ ဟာ သီရိလင်္ကာနိုင်ငံနဲ့ အနီးတဝိုက်မှာ ရှိတဲ့ ပုံရိပ်တွေကို ရိုက်ကူးခြင်းအပါအဝင် အခြား လုပ်ဆောင်ချက် ၅ ခုကို လုပ်ဆောင်နိုင်ဖို့ ခန့်မှန်းထားပါတယ်။ ဂြိုဟ်တုရဲ့ သက်တမ်းက ၁ နှစ်ဖြစ်ပြီး ၁ နှစ်ထက် ပိုကြာအောင် လုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
Ref; colombopage