အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ နေထိုင်နေတဲ့ Viola Schmitz လို့ အမည်ရတဲ့ အဘွားအိုဟာ ၁၉၁၂ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်လို့ အခုအခါမှာ အသက် ၁၀၆ နှစ် ရှိနေပါပြီ။ သူဟာ ဂီတအသိုင်းအဝိုင်းက ကြီးပြင်းလာတဲ့သူဖြစ်ပြီး မောင်နှမ ၁၀ ယောက် ရှိတယ်လို့ သိရပါတယ်။ မောင်နှမ ၁၀ ယောက်လုံးဟာ ဂီတတူရိယာတွေကို တီးခတ်လေ့ ရှိသူတွေ ဖြစ်ပါတယ်။
၁၉၂၀ ခုနှစ်က စပြီး ဖခင်ဖြစ်သူဟာ သူတို့ ညီမ ၆ ယောက်နဲ့ အတူ Smith Sisters Orchestra ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၃၀၊ ၁၉၃၈ ခုနှစ်တွေမှာ ရေဒီယိုလိုင်းတွေမှာ အစ်မဖြစ်သူ Mildred နဲ့ အတူ The Coquettes ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာ Mildred က အိမ်ထောင်ကျသွားတာကြောင့် စစ်ကြီး မတိုင်ခင်အထိ သူ တယောက်တည်း တီးဝိုင်းတွေမှာ လိုက်ပြီး တီးခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
နယူးယောက်မြို့ကို ပြောင်းသွားပြီး နောက်ပိုင်းမှာ သူဟာ မိန်းကလေး သံစုံတီးဝိုင်းတွေမှာ ဝင်ရောက်တီးခတ်ခဲ့ပြီး ဂီတကို ကောင်းမွန်စွာနားလည်တာကြောင့် အဲဒီခေတ်က နာမည်အကြီးဆုံးဖြစ်တဲ့ NBC Symphony သံစုံတီးဝိုင်းမှာ ဝင်ရောက် တီးခတ်ခွင့် ရခဲ့ပါတယ်။
“ကျမက အရက် အရမ်းသောက်တယ်။ အဖေက Nightclub ဖွင့်ထားတယ်ဆိုပေမယ့် ကျမတို့ကို ဝိုင်တောင် ပေးမသောက်ဘူး။ ဒီလိုပဲ ခိုးသောက်ရတာပေါ့။ အခုချိန်ထိ ဝိုင်တော့ သောက်သေးတယ်”လို့ အဘွားအိုက အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
အဆိုပါ အသက် ၁၀၀ ကျော် အဘွားအို Viola Schmitz ဟာ အခုလက်ရှိ အချိန်အထိ ရန်ပုံငွေ ဖျော်ဖြေပွဲတွေမှာ Drum တီးနေဆဲပဲလို့ သိရပါတယ်။
Ref. thinkinghumanity.com
You may also like these stories:
ဒုတိယကမ္ဘာစစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို ၇၅ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့သူ
ရေနစ်နေတဲ့ ခိုးဝင်ဒုက္ခသည်ကို ကူညီမိလို့ ထောင်ဒဏ်နှစ် ၂၀ ချခံရမယ့် အမျိုးသမီး
နာမည်မကြီးခင်က ထူးထူးဆန်းဆန်း အလုပ်တွေ လုပ်ခဲ့တဲ့ ကမ္ဘာကျော်များ