နိုင်ငံတကာ နက္ခတ်ဗေဒပညာရှင်တွေဟာ ကမ္ဘာကနေ အလင်းနှစ် ၁၂ ဒဿမ ၅သန်းအကွာမှာ ကြယ်တလုံးကို လှည့်ပတ်နေတဲ့ ဂြိုဟ် ၂ လုံး တွေ့ရှိခဲ့ကြပါတယ်။ အဲဒီကြယ်ရဲ့ အမည်ဟာ Teengarden’s Star ဖြစ်ပြီး ၂၀၀၃ ခုနှစ်က တွေ့ရှိခဲ့တဲ့ ကြယ်လည်း ဖြစ်ပါတယ်။
လက်ရှိ နေအဖွဲ့အစည်းမှာ ရှိတဲ့ နေအပူချိန်ရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိတာကြောင့် မျက်နှာပြင် အပူချိန်ဟာ နည်းပြီး အေးစက်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီဂြိုဟ် ၂ လုံးရဲ့ဖွဲ့စည်းပုံဟာ လက်ရှိနေထိုင်နေတဲ့ နေအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံတွေနဲ့ ဆင်တူနေတယ်လို့ University Of Gottingen ရဲ့ စာတမ်းပြုစုသူ Mathias Zechmeister က သူ့ရဲ့ ကြေငြာချက်အတွင်းမှာ ရေးသားဖော်ပြထားပါတယ်။ အဲဒီ ဂြိုဟ် ၂ ခုမှာ အရည်တွေ ဖွဲ့စည်းတည်ရှိနေနိုင်ပြီး သက်ရှိတွေလည်း ဖြစ်ထွန်းလောက်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဗဟိုပြု လည်ပတ်တဲ့ ကြယ်ဟာ အပူချိန်နည်းတာကြောင့် တွေ့ရှိထားတဲ့ ဂြိုဟ်အသစ်ဖြစ်တဲ့ Teengarden B နဲ့ Teengarden C တို့ဟာ အဲဒီ ကြယ်ကို တပတ် ပြည့်အောင် ပတ်ဖို့ ၄ ဒဿမ ၉ ရက်နဲ့ ၁၁ ဒဿမ ၄ ရက်တို့သာ အသီးသီး ကြာမြင့်ပါတယ်။
အရည်တွေ ရှိနေနိုင်ပြီး သက်ရှိ ဖြစ်တည်နေနိုင်တဲ့ ဒီဂြိုဟ်တွေ ဗဟုပြု လည်ပတ်နေတဲ့ ကြယ်ကို ၂၀၀၃ခုနှစ်က တွေ့ရှိခဲ့တာ ဖြစ်ပေမယ့် ဂြိုဟ်များရဲ့ အကြောင်းကို တိတိကျကျ မသိနိုင်ခဲ့ပါဘူး။ ဒါကြောင့် အဲဒီကြယ်ရဲ့ ဘေးက ဂြိုဟ်တွေကို လေ့လာဖို့ ပိုမို အားစိုက်လုပ်ဆောင်ခဲ့ပြီးနောက် အခုလို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ လေ့လာမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ ပိုမိုတိကျတဲ့ တွေ့ရှိချက်တွေကို ရရှိနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
Ref. fox10phoenix.com
You May Also Like These Stories:
မားစ်ဂြိုဟ်ပေါ်ကို အမှတ်တရအဖြစ် သင့်နာမည် ပေးပို့နိုင်
Amazon က ဂြိုဟ်တုအလုံးရေ ၃,၀၀၀ ကျော်ဖြင့် ကမ္ဘာအနှံ့ အင်တာနက် လွှင့်မည်