Trend

ဂျပန်နိုင်ငံမှာသာ တွေ့ရမယ့် ထူးထူးခြားခြား အချက် ၈ ချက်

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံဟာ လှပတဲ့သဘာဝရှုခင်းတွေနဲ့အတူ ယဉ်ကျေးမှုလည်း မြင့်မားတဲ့အတွက်ကြောင့် ကမ္ဘာမှာ ထင်ရှားတဲ့နိုင်ငံတနိုင်ငံပါပဲ။ ဂျပန်နိုင်ငံသားအများစုကလည်း ကမ္ဘာပေါ်မှာတော့ စွန့်ဦးတီ ထွင်သူတွေလည်း ဖြစ်ကြပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံသားတွေဟာ အလုပ်အင်မတန်လုပ်ပြီး စည်းကမ်းလိုက်နာကြတဲ့လူတွေလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်အချက်တွေကတော့ ဂျပန် နိုင်ငံမှာသာတွေ့ရလေ့ရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

(၁) ကားဆီဖြည့်ပိုက်များ

ဂျပန်နိုင်ငံမှာဆိုရင်တော့ ကားဆီဖြည့်တဲ့နေရာတွေမှာ တခြားနိုင်ငံတွေလို ဆီပိုက်ကို ထောင်ထား လေ့မရှိဘဲ အမြင့်တနေရာရာမှာ ချိတ်ထားလေ့ ရှိတတ်ကြပါတယ်။ ဒီလိုချိတ်ထားရတဲ့အကြောင်းက ဆီလာဖြည့်တဲ့ကားတွေက ဆီဖြည့်ပိုက်နဲ့ဝေးနေလည်း အလွယ်တကူယူပြီး ဆီဖြည့်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ်။

(၂) အစားအစာ ရောင်းစက်များ

ဂျပန်လူမျိုးတွေအတွက်ကတော့ အချိန်ဆိုတာ ငွေပါပဲ။ ဒါကြောင့်လည်း ဂျပန်လူမျိုးတွေဟာ အလွယ်တကူ စားသောက်လို့ရတဲ့ အစားအသောက်ရောင်းတာ တခုလောက်နဲ့ အချိန်ကုန်ခံမနေဘဲ အစားအသောက် ရောင်းစက် တွေကို ထားပေးလေ့ရှိပါတယ်။ အဲဒီလို အထူးစီမံပေးထားတဲ့ အစား အသောက်တွေဟာ သန့်ရှင်းမှုလည်း ရှိကြပါတယ်။ အာလူးကြော် ၊ ချောကလက် ၊ ကြက်ဥပြုတ် နဲ့ ခေါက်ဆွဲစတာတွေကို အဲဒီအရောင်းစက်လေး တွေကနေ ဝယ်ယူနိုင်ပါတယ်။

(၃) ကောင်းမွန်တဲ့ ၂ ထပ် ကားပါကင်များ

ဂျပန်နိုင်ငံမှာ လူဦးရေ ၁၂၇ သန်းရှိပါတယ်။ စီးပွားရေးကလည်း ဂျပန်နိုင်ငံရဲ့ ဦးစားပေးကိစ္စတခုပါပဲ။ ဒါကြောင့်လည်း ကားအသုံးပြုတာကို ပိုမို ဦးစားပေးလေ့ရှိပါတယ်။ ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဂျပန်နိုင်ငံရဲ့ နေရာတော်တော်များများမှာ ၂ ထပ် ကားပါကင်တွေ ပြုလုပ်ပေး ထားပါတယ်။

(၄) အမှတ်အသား ပြုလုပ်ထားတဲ့ဘူးများ

မျက်စိမြင်သူတွေအတွက်ကတော့ ကိုယ်သောက်မယ့်ဘူးဟာ ဘာဘူးလဲဆိုတာ အလွယ်တကူသိနိုင် ပေမယ့် မျက်မမြင်တွေအတွက်တော့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း မျက်မမြင်တွေအနေနဲ့ ကိုယ် သောက်နေတာ ဘာဘူးလဲဆိုတာကို အလွယ်တကူသိရအောင် ဘူးတွေမှာ အမှတ်အသားလေးတွေ ပြုလုပ်ပေးထားလေ့ရှိပါတယ်။

(၅) ကုလားထိုင်နောက်မှီက လွယ်အိတ်ချိတ်စရာနေရာများ

ကိုယ်ထိုင်နေတဲ့ကုလားထိုင်နောက်မှီမှာ လွယ်အိတ်ချိတ်ထားရင် ကြမ်းပေါ်ကို လွယ်အိတ်ခဏ ခဏပြုတ် ကျတာ လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ ဒီပြဿနာဟာ သေးငယ်တဲ့ပြဿနာဖြစ်ပေမယ့် လည်း စိတ်အနှောင့်အယှက်တော့ ဖြစ်စေတာအမှန်ပါပဲ။ ဒါကြောင့်လည်း ဂျပန်လူမျိုးတွေဟာ ကုလားထိုင်နောက်မှီမှာ လွယ်အိတ်ချိတ်လို့ရအောင် လုပ်ထားလေ့ရှိတတ်ပါတယ်။

(၆) ရထားပေါ်က ခြေစိမ်ကန်များ

ဂျပန်နိုင်ငံမှာ ရထားစီးရင်း ခြေထောက်တွေစိမ်လို့ရတဲ့ အထူးရထားတွေကိုလည်း စီစဉ်ပေးထားပါတယ်။ တနေ့လုံး ပင်ပန်းလာခဲ့သမျှကို ရထားလေးစီးရင်း ခြေထောက်တွေကို ရေနွေးနွေးမှာစိမ်ရင်း လိုက်သွားရုံပါပဲ။ ရေနွေးနွေးမှာ ခြေထောက်ကိုစိမ်ပေးတာကလည်း ပင်ပန်းမှုကို လျှော့ချနိုင်ပါ တယ်။

(၇) အလကားပေးတဲ့ တစ်ရှူးများ

ဂျပန်နိုင်ငံကို ရောက်သွားတဲ့အခါ လမ်းမပေါ်မှာ တစ်ရှူးအလကားဝေပေးနေကြတာကိုလည်း ကြုံရပါလိမ့်မယ်။ ဒီအချက်က ဂျပန်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ဖော်ပြရာလည်း ရောက် ပါတယ်။

(၈) မသန်စွမ်းသူတွေပါ အသုံးပြုနိုင်တဲ့အိမ်သာများ

ဂျပန်နိုင်ငံရဲ့အိမ်သာတွေမှာ စွမ်းဆောင်ရည်အမျိုးမျိုးပါဝင်ပါတယ်။ အဲဒီထဲကတချက်ကတော့ သာမန်လူတွေ အသုံးပြုတဲ့အိမ်သာတွေမှာ မသန်မစွမ်းတွေပါ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာ ပါပဲ။ အဲဒီလို စီစဉ်ပေးထား တဲ့အတွက် မသန်စွမ်းသူတွေဟာ တခြားလူ အကူအညီမပါဘဲ သန့်ရှင်း ရေးကိစ္စတွေကို ပြုလုပ်နိုင်ပါတယ်။

Ref:Brightside.me

You may also like these stories:

‘RoboCop’ ကင်းလှည့်စက်ရုပ်ကို ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့မှာ စတင် အသုံးပြု

ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ မြို့ကြီးများ

ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ်များအကြောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading