အမေရိကန်ပြည်ထောင်စုမှာ အိမ်မွေး တိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ ကြောင် စတာတွေအတွက် အစာတွေကို အခမဲ့ ထောက်ပံ့ပေးနေတဲ့ Pet Food Box (Pantry Box) တွေကို ၂၀၁၁ ခုနှစ်လောက်ကတည်းက တည်ထောင်ထားခဲ့တာပါ။
Animal Shelter တွေနဲ့ တိရစ္ဆာန်ချစ်သူတွေကနေ ပူးပေါင်းတည်ထောင်ထားတဲ့ တိရစ္ဆာန် အစာတွေနဲ့ တိရစ္ဆာန် အသုံးအဆောင်ပစ္စည်းတွေ အခမဲ့ ထောက်ပံ့ပေးနေတဲ့ Pet Food Box တွေဟာ လစဉ်လတိုင်း တိရစ္ဆာန်တွေအတွက် အစားအစာတွေကို အခမဲ့ ထောက်ပံ့ပေးနေတာဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်တွေသာ မကဘဲ လေလွင့်ခွေး၊ ကြောင်တွေအတွက်ပါ ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။
(၁) Pet Buddies Food Pantry
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် Atlanta မြို့မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်အစာတွေ အခမဲ့ထောက်ပံ့ပေးနေတဲ့ ဒီ Food Pantry ဟာဆိုရင် အိမ်မွေးတိရစ္ဆာန်အပါအဝင် လေလွင့်ခွေး၊ ကြောင် အကောင်ရေ ၁၃၀၀ ခန့်လောက်ကို လစဉ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။
(၂) Willowick Pet Food Pantry
အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ်မှာရှိတဲ့ ဒီ Food pantry ဟာဆိုရင်တော့ တိရစ္ဆာန်အစာပေါင်း ပေါင် ၁၀၀၀ ခန်ကို လစဉ် ထောက်ပံ့ပေးနေတာလို့ Willowick Pet Food Pantry ကို တည်ထောင်သူ Elvira Bellegoni က ပြောပါတယ်။
(၃) Pleasant Heart Pet Food Pantry
အမေရိကန်ပြည်ထောင်စု၊ Michigan ပြည်နယ်မှာတည်ရှိပြီး ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေအတွက် အစာတွေ အခမဲ့ထောက်ပံ့ပေးတဲ့အပြင် ဆေးကုသစောင့်ရှောက်မှုတွေကိုပါ အခမဲ့ ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။
(၄) Fort Wayne Pet Food Pantry
Indiana ပြည်နယ်မှာ တည်ရှိပြီး နှစ်စဉ် အခမဲ့အနေနဲ့ တိရစ္ဆာန်အစာပေါင်း ပေါင် ၆၉,၁၃၅ ခန့် ထောက်ပံ့ပေးနေတာပဲဖြစ်ပြီး လေလွင့်ခွေး၊ကြောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ Animal Shelter ကိုပါ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
Ref. www.bestbuddiespetpantry.org
You may also like these stories:
ခွေးလေခွေးလွင့်တွေအတွက် အနွေးထည်ချုပ်ပေးတဲ့ အသက် ၈၉ နှစ်အရွယ် အဘွား
ခွေးတွေကို ကြင်ကြင်နာနာ မွေးမြူလေ့ရှိတဲ့ မြို့ကြီး ၄ မြို့
အိမ်မွေး တိရစ္ဆာန်တွေကို Game Of Throne ဇာတ်ကောင်လို ဝတ်ဆင်ပေးမှုများ ခေတ်စား
ပူပြင်းတဲ့ နွေရာသီမှာ တိရစ္ဆာန်လေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ