၂၀၁၉ ခုနှစ်အတွင်းမှာပဲ လိင်တိမ်းညွှတ်မှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ် ဆိုတဲ့ သတင်းကို မကြာခဏ ကြားသိရတာ ၂ ကြိမ် ရှိသွားပါပြီ။ လူ့အခွင့်အရေးအရ လူတိုင်းဟာ လိင်စိတ်ကို မိမိနှစ်သက်ရာ လွတ်လပ်စွာ တိမ်းညွှတ်ခွင့်ရှိတာကြောင့် ဒီလို သေဆုံးရခြင်းတွေဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ပါ။
မကြာသေးခင်က ထွက်ရှိလာတဲ့ သတင်းတွေအရ “Avengers : Endgame” ရုပ်ရှင်မှာ Tony Stark ရဲ့ သမီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အသက် ၇ နှစ်အရွယ် မင်းသမီးလေးဟာ အနိုင်ကျင့်ခံရခြင်းကြောင့် လူမြင်ကွင်းပေါ်ကိုတောင် ထွက်ရခက်ခဲနေတဲ့အကြောင်း သူမရဲ့ မိဘဖြစ်သူတွေရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။
ကလေးအချင်းချင်း အနိုင်ကျင့်ခြင်းတွေကို နိုင်ငံတကာမှာ ကြီးမားတဲ့ ကိစ္စအဖြစ် သဘောထား ဆောင်ရွက်နေချိန်မှာ ဒီလို အဆုံးစီရင်တဲ့ အကြောင်းတွေကို ကြားရတာဟာ ဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။
အနိုင်ကျင့်ခံရတယ်ဆိုတာ ဘာလဲ
အနိုင်ကျင့်ခံရခြင်းနဲ့ ပတ်သက်ပြီးတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေဆိုပြီး သေချာ မရှိသေးပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်အောင် စော်ကားပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ အငြိုးထားခြင်း၊ စွပ်စွဲပြောဆိုခြင်း၊ မတရားပြောဆိုခြင်း၊ အားကြီးသူများ အုပ်စုဖွဲ့ကာ လှောင်ပြောင်ခြင်း စတာတွေကို လုပ်ငန်းခွင်အတွင်း အနိုင်ကျင့် ခံရခြင်းလို့ သတ်မှတ်နိုင်ပါတယ်။
ဘာတွေ လုပ်နိုင်သလဲ
လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံရခြင်းကို အရေးယူဖို့ ဥပဒေ မရှိပါဘူး။ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော်ကားခံရတာက လွဲလို့ ကျန်တဲ့ အရာတွေကို အရေးယူဖို့ မရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး နေဖို့ပဲ ရှိနေပါတယ်။ အနိုင်ကျင့်ခံရတဲ့အခါတွေမှာ သင်ဟာ ဘာအမှားကိုမှ မကျူးလွန်ထားဘူးဆိုတာ သတိရပါ။ သင်ဟာ အခြားသူတွေလိုပဲ ဆိုတာကို မမေ့ဖို့လည်း လိုအပါတယ်။
သင့်လုပ်ငန်းခွင်မှာ ရှိတဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပါ။ ဆွေးနွေးပါ။ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရတဲ့အခါ HR ဒါမှမဟုတ် Line Manager နဲ့ တိုင်ပင်နိုင်ပါတယ်။ တကယ်လို့ အဲဒီ HR ဒါမှမဟုတ် Line Manager က သင့်ကို အနိုင်ကျင့်နေသူဆိုရင်တော့ သူတို့ထက် စီနီယာကျတဲ့သူနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။
အနိုင်ကျင့်ခံရတဲ့ အချိန်နဲ့ နေရာကို အတိအကျ ရေးမှတ်ထားပါ။ အနိုင်ကျင့်ခံရချိန် အနားမှာ ရှိနေသူကိုလည်း သက်သေအဖြစ် ခေါ်နိုင်ပါသေးတယ်။ ဒါမှသာ သင့်ကို အနိုင်ကျင့်တဲ့ သူက တခုခု ပြန်ငြင်းလာရင် တိတိကျကျ ပြန်လည်ချေပနိုင်ပါလိမ့်မယ်။ အနိုင်ကျင့်ခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်မှုတွေရှိလာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ခွင့်ယူတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
အနိုင်ကျင့်ခံရတာတွေ လုံးဝ ပျောက်ကင်းသွားဖို့ ဆိုရင်တော့ ရုံးအတွင်းမှာ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြီး သေသေချာချာ လိုက်လံ အရေးယူဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အနိုင်ကျင့်ခံရသူအနေနဲ့ ထုတ်ဖော်ပြောပြခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့် ခံရခြင်းကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်။
Ref. theguardian
You May Also Like These Stories:
အလုပ်နှစ်ခုကို တပြိုင်နက်တည်း ပြုလုပ်ခြင်း(Multitasking) ရဲ့ ကျန်းမာရေး ဆိုးကျိုးများ
လုပ်ငန်းခွင်မှာ အမြဲလန်းဆန်းတက်ကြွနေချင်ရင်
သင့်ကို အလုပ်ပြုတ်သွားစေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်များ