• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကွယ်လွန်သူ ကိုကျော်ဇင်ဝင်းအတွက် LGBT အသိုင်းအဝိုင်းမှ ဝမ်းနည်းစကားများ

by ယုဖြူဟန်
26 June 2019
in Trend
A A
ကိုကျော်ဇင်ဝင်းအတွက် ဝမ်းနည်းစကား ပြောကြတဲ့ ပုဂ္ဂိုလ်များ

ကိုကျော်ဇင်ဝင်းအတွက် ဝမ်းနည်းစကား ပြောကြတဲ့ ပုဂ္ဂိုလ်များ

53k
VIEWS
Share on FacebookShare on Twitter

MIU (Myanmar Imperial University) မှာ စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းဟာ လုပ်ငန်းခွင်အတွင်းမှာ သူဟာ LGBT (Lesbian, Gay, Bisexual, Transgender) တယောက် ဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်အချို့ရဲ့ အရှက်ခွဲ အနိုင်ကျင့်ခံရမှုများ ခံခဲ့ရပြီး ဇွန်လ ၂၄ ရက်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး LGBT အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များရဲ့ ဝမ်းနည်းစကားများကို ဧရာဝတီက မေးမြန်းထားပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
642
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
508
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
994

 

ဂျွန်လွင် (Star Event Production Organizer)

“အဓိကက ဖြစ်သွားတဲ့ ဖြစ်ရပ်အပေါ်မှာ အပိုင်း ၂ ပိုင်းကို ပြောချင်ပါတယ်။ တပိုင်းကကျတော့ သူ့ရဲ့ စိတ်အားငယ်မှုပေါ်မှာ မူတည်ပြီးတော့ သူ့ဘဝကို အဆုံးစီရင်သွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် ပြောချင်တာက နောက်တခါ လူတွေ ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ပါဘူး။ အမြဲတမ်း လူတွေက နေ့သစ်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ပဲ ကျရှုံး ကျရှုံး နေဝင်ပြီး ကျရှုံးသွားတယ်ဆိုတာ မရှိဘူး။ အမြဲတမ်း နေ့သစ်ဆိုတာ ရှိတယ်။ နည်းလမ်းရှာပြီး ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ ရှင်သန်ဖို့ ပြောချင်တယ်”

“လူတိုင်းလူတိုင်းမှာ အသုံးတည့်တဲ့ အရာလေးတွေ ရှိတယ်။ အဲဒါကို အရောင်တင်ပြီးတော့ ကြိုးစားလိုက်မယ်ဆိုရင် ရပ်တည်သွားနိုင်မယ်လို့ ပြောချင်ပါတယ်။ သူ့ရဲ့ အဘွားကို မြင်လိုက်တဲ့အခါမှာ ကျနော် အရမ်းကို စိတ်မကောင်းဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းမှာ မိသားစုဆိုတာ ရှိတယ်။ သူ့ဘာသာ အခြောက်ပဲဖြစ်ဖြစ်၊ ယောကျ်ားပဲဖြစ်ဖြစ်၊ သူတောင်းစားပဲဖြစ်ဖြစ် လူတိုင်းမှာ မိသားစုဆိုတာ ရှိတယ်။ သူတို့ ဘယ်လို ခံစားရမလဲဆိုတာ နားလည်စေချင်တယ်”လို့ Star Event Production မှ ဂျွန်လွင်က ပြောပါတယ်။

 

ခင်စန်းဝင်း (Makeup Artist)

“ဒီကလေးအတွက်ကို အရမ်း စိတ်မကောင်းဖြစ်တယ်။ ဝမ်းနည်းပါတယ်။ ဒီကလေးက သူ့ရဲ့ အတတ်ပညာနဲ့ ရိုးရိုးသားသား သူ့မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ ကလေးဖြစ်တဲ့အတွက် မကြီးတို့နဲ့ ဘဝတူလိုမျိုး ဖြစ်နေတယ်။ မကြီးတို့ ကိုယ်တိုင်လည်း ညီအစ်ကို၊ မောင်နှမ၊ မိဘတွေကို ပြန်ရှာကျွေးနေရတဲ့ ဘဝတူဆိုတော့ ပိုပြီးတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလုပ်ရပ်ဟာဆိုရင် မိသားစု တခုကို ဖျက်ဆီးလိုက်သလိုပဲ”

“ကြည့်ရတာကလေးက လုပ်ငန်းခွင်မှာ အချိန်ပြည့် ဖြစ်တယ်။ မိသားစုနဲ့ နေတယ်။ ပြီးတော့ လုပ်ငန်းခွင် ဝင်တယ်။ အဲ့တော့ အပြင်မှာ အပေါင်းအသင်းလည်း ရှိပုံ မရပါဘူး။ အဲဒါကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ စိတ်ဓာတ် ပျော့ညံ့လို့ ဖြစ်သွားတာ။ တကယ်တမ်း မကြီးတို့လို လူမျိုးနဲ့ ခင်မင်ရင်းနှီးတယ်ဆိုရင် အကြံကောင်း၊ ဉာဏ်ကောင်းတွေ ပေးနိုင်မယ်။ အားငယ်နေရင်တောင် နွေးနွေးထွေးထွေး စောင့်ရှောက်ပေးလို့ ရပါတယ်”လို့ Makeup Artist ခင်စန်းဝင်းက ပြောပါတယ်။

 

မေဦး (Magic) (Make up Artist)

“ပုံမှန် လူတယောက်အနေနဲ့ စိတ်အားငယ်မှုတွေနဲ့ လောကကြီးမှာ မဖြတ်သန်းချင်လို့ ဖြစ်သွားတဲ့ကိစ္စမှာ အပြင်လူ တယောက်အနေနဲ့ အရမ်း စိတ်မကောင်းဖြစ်ရတယ်။ ပြီးတော့ လူငယ်တယောက် အလုပ်လုပ်နေတဲ့နေရာကလည်း ကောင်းတဲ့နေရာ၊ အလုပ်အကိုင်တွေ ဒီလောက် ကောင်းရဲ့သားနဲ့ လုပ်သွားတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ပညာတတ်တဲ့သူတွေ ပြောတဲ့ အသိုင်းအဝိုင်းက ရှုံ့ချပြီး ပြောတာတွေလည်း ပါတယ်။ အဘက်ဘက်က တုန့်ပြန်မှုတွေ ရှိတယ်။ တနေရာတည်းလည်း ဖိပြီး ပြောလို့ မရဘူး။ ဘက်ပေါင်းစုံက ကြည့်ပေးရမယ်”

“မေဦး တယောက်တည်းရဲ့ အတွေးဆိုရင် သူက မိဘလည်း မရှိရှာဘူး၊ အဲ့အပေါ်မှာ ငယ်ငယ်ကတည်းက ခံစားချက်က ရှိထားပြီးသား။ အဘွားနဲ့ နေရတယ်၊ နေမကောင်းရှာဘူး ဆိုတော့ ဘာပဲပြောပြော သူများ ဘဝတွေကို ကြည့်တဲ့အခါမှာ သူ့ကိုယ်သူ အားမလို အားမရတွေလည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ပတ်ဝန်းကျင်မှာလည်း အပေါင်းအသင်း သိပ်မရှိရှာဘူးဆိုတော့ ကိစ္စတခုရှိရင် မြိုသိပ်လာရတာ များတယ်။ ထွက်ပေါက် ရှာလာတာ။ ဒီဟာက အကောင်းဆုံးဖြစ်တယ်လို့ တွေးလိမ့်မယ်။ ဒါပေမဲ့ အဆင်မပြေတဲ့လမ်းကို သူရွေးသွားတာ။ အဖြေ မဟုတ်တာကို အဖြေရှာသွားတာပေါ့။ တခုတည်းကြောင့်လည်း မဟုတ်နိုင်ဘူး။ စိတ်ထွက်ပေါက်ရှာသွားတာ ဖြစ်ပါလိမ့်မယ်”လို့ Makeup Artist မေဦးက ဆိုပါတယ်။

 

ကွယ်လွန်သူ ကိုကျော်ဇင်ထွန်းရဲ့ ကျန်ရှိ ရုပ်အလောင်းကိုတော့ ယနေ့ ညနေ ၅ နာရီ၊ ကျီစုသုဿာန်သို့ ပို့ဆောင်ကာ မီးသြင်္ဂိုဟ်မှာ ဖြစ်ပါတယ်။ ။

You may also like these stories:

LGBT များ အပေါ် အမြင်စောင်းစေမည့် သရုပ်ဖော်မှုများ ရှောင်ရန် တောင်းဆို

ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ

နိုင်ငံတကာက သတင်းမီဒီယာတွေမှာပါ အကျယ်တဝံ့ ဖော်ပြခြင်းခံရတဲ့ ကိုကျော်ဇင်ဝင်းရဲ့ သတင်း

အရှက်ခွဲ အနိုင်ကျင့်ခြင်းသည် လူယဉ်ကျေးတို့၏ အပြုအမူ မဟုတ်

Your Thoughts …
Tags: LGBTကိုကျော်ဇင်ဝင်းဝမ်းနည်းစကား
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
10.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

by ညိုလတ်
10 August 2024
1.8k

ယခု အယ်လ်ဂျီးရီးယား လက်ဝှေ့မယ်၏ ဖြစ်စဉ်သည် လူ့အခွင့်အရေး၊ ကျင့်ဝတ်၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေးများပါ ရှုပ်ထွေးပါဝင်လာပြီဖြစ်၍ အတိအကျသိရရန် ခက်ခဲသွားခဲ့ပါပြီ။

ယနေ့ပြုလုပ်သည့် “အမှောင်ရိပ်ထဲက ဘဝများ” အစီရင်ခံစာထုတ်ပြန်ပွဲ / လဲ့လဲ့ / ဧရာဝတီ

ပုဒ်မ ၃၇၇ ပြင်ဆင်နိုင်ရေး LGBTများ ကြိုးပမ်းနေ

by လဲ့လဲ့
8 November 2019
17.6k

ရဲတပ်ဖွဲ့အနေဖြင့် LGBT များအပေါ်တွင် မည်သူက ကျုးလွန်သည် ဖြစ်စေ ကျူးလွန်သူများကို ဘက်မလိုက်ဘဲ ချက်ခြင်း စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် တာဝန်ရှိ

မင်းပါရင် တော်လှန်ရေးက ပြီးပြီ (ရုပ်/သံ)

မင်းပါရင် တော်လှန်ရေးက ပြီးပြီ (ရုပ်/သံ)

by ဘုန်းအောင်
19 August 2024
465

နိုင်ငံခြားဘာသာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတယောက်ဖြစ်တဲ့ ရဲဘော်နန္ဒာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်တပ်ကအကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အာဏာရှင် စနစ်ကို ဖြုတ်ချဖို့အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူပါ။

လိင်တူလက်ထပ်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ထိုင်းဖြစ်လာတော့မည်

လိင်တူလက်ထပ်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ထိုင်းဖြစ်လာတော့မည်

by ဧရာဝတီ
19 June 2024
424

ဘုရင်က အတည်ပြုရန် လိုအပ်သည့် ထိုဥပဒေသည် တော်ဝင်ပြန်တမ်းတွင် ထုတ်ပြန်ပြီး ရက်ပေါင်း ၁၂၀ အတွင်း စတင်သက်ဝင်မည်။

Next Post
ရန်ကုန်မြို့တွင် ပြုလုပ်သော တရားပွဲ တပွဲတွင် တွေ့ရသည့် ဆရာတော် ဦးဝိရသူ / ဧရာဝတီ

ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရခိုင်ရိုးမပေါ်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ အကူအညီ လိုအပ်နေ (ရုပ်/သံ)

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရခိုင်ရိုးမပေါ်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ အကူအညီ လိုအပ်နေ (ရုပ်/သံ)

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate