လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ Child Abuse ကို မိဘတိုင်းလည်း သိပ်မသိကြသလို လူတိုင်းကလည်း သတိမထားမိကြပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း နှစ်တွေမှာတော့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာထိခိုက်စေမှုတွေ များပြားလာတာကြောင့် Child Abuse ကို မိဘတိုင်းရော လူတိုင်းပါ သိနားလည်သင့်နေပါပြီ။
Child Abuse ဆိုတာကတော့ ကလေးငယ်တွေကို အနိုင်ကျင့်ခြင်း၊ မတော်မတရား ပြုမူဆက်ဆံခြင်းနဲ့ ကလေးငယ်တွေရဲ့ လုံခြုံမှုကို ထိခိုက်စေခြင်းတို့ပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Child Abuse မှာ ပါဝင်တာတွေပဲ ဖြစ်ပါတယ်။
(၁) Physical Abuse
Physical Abuse ဆိုတာကတော့ ကလေးငယ်တွေကို ခန္ဓာကိုယ် နာကျင်အောင်၊ အနာတရဖြစ်အောင် ညှဉ်းပန်းနှိပ်စက်တာ၊ ကလေးအရွယ်နဲ့ မသင့်တော်အောင် အလွန်အကျွံ ရိုက်နှက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။
(၂) Emotional or Psychological Abuse
Emotional or Psychological Abuse ဆိုတာကတော့ ကလေးရဲ့စိတ်ခံစားချက်ကို ထိခိုက်အောင် အပြစ်တင်ဝေဖန်တာ၊ လျစ်လျူရှုတာ၊ မခံချင်အောင် စနောက်လှောင်ပြောင်တာ စတာတွေပဲ ဖြစ်ပါတယ်။
(၃) Sexual Abuse
Sexual Abuse (လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း) မှာတော့ ကလေးငယ်ကို အရွယ်ရောက်ပြီးသူက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်ထိလက်ရောက် ကိုင်တွယ်စမ်းသပ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ စတာတွေ ပါဝင်ပါတယ်။
(၄) Emotional and Physical Neglect
Emotional and Physical Neglect ဆိုတာကတော့ ကလေးငယ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကို မမေးမြန်းတာ၊ ဂရုမစိုက်တာ၊ ကလေးငယ်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဂရုစိုက်ဖို့ ပျက်ကွက်တာနဲ့ လုံခြုံစိတ်ချတဲ့ အခြေအနေတခုကို ဖန်တီးမပေးတာ စတာတို့ပဲ ဖြစ်ပါတယ်။
(၅) Exploitation
Exploitation ဆိုတာကတော့ ကလေးငယ်တွေကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာ၊ ခိုင်းစေတာ၊ ကလေးအလုပ်သမားအဖြစ် အသုံးပြုတာ စတာတွေ ပါဝင်ပါတယ်။
Ref. www.government.nl