Trend

ရေချိုးခန်းထဲမှာ မထားသင့်တဲ့ ပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

တချို့ပစ္စည်းတွေက ရေချိုးခန်းထဲမှာ သုံးရတယ်ဆိုပေမယ့် ရေချိုးခန်းထဲမှာ လုံးဝ မထားသင့်တဲ့ ပစ္စည်းတွေရှိပါတယ်။ ဒါကြောင့် ရေချိုးခန်းထဲမှာ မထားသင့်တဲ့ ပစ္စည်းတွေနဲ့ ဘာကြောင့် မထားသင့်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ဆေးဝါးများ

မြန်မာနိုင်ငံက လူအချို့ကတော့ ဆေးဝါးတွေကို ရေချိုးခန်းထဲ ထားလေ့ထားထ မရှိပါဘူး။ ဆေးဝါးတွေဟာ အခန်းအတွင်း အပူချိန်မှာပဲ ရှိသင့်ပြီး စိုထိုင်းစများတဲ့ နေရာတွေမှာ မထားရပါဘူး။ နောက်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်သွားတဲ့ ဆေးဝါးတွေကို အချိန်မီ လွှင့်ပစ်ဖို့လည်း လိုအပ်ပါတယ်။

(၂) တဘက်

တဘက်ကို ရေချိုးခန်းထဲမှာ မထားရဘူးဆိုတဲ့ စကားဟာ နည်းနည်းတော့ ရယ်စရာပါပဲ။ ဒါပေမဲ့ ရေချိုးခန်းထဲမှာ တဘက်တွေ ထားခြင်းကြောင့် မှိုစွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သင့်ရဲ့ ရေချိုးခန်းက ဘယ်လောက်ပဲ သန့်နေစေဦးတော့ မမြင်ရတဲ့ ပိုးမွှားတွေ တွယ်နေနိုင်တာဖြစ်လို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

(၃) စာအုပ်များ

စာအုပ်ကို ရေချိုးခန်းထဲမှာ ဘယ်သူမှ မထားဘူးလို့ မထင်ပါနဲ့။ စာကြမ်းပိုးတွေဟာ ဘယ်သွားသွားစာအုပ်တွေ အနားမှာ ရှိချင်တယ်ဆိုတဲ့ စိတ်နဲ့ ရေချိုးကန်ထဲ စိမ်ရင်း စာအုပ်ဖတ်တာတွေ ရှိတတ်ပါတယ်။ စာအုပ်တွေဟာ ရေချိုးခန်းထဲက အစိုဓာတ်ကို စုပ်ယူတာကြောင့် စာအုပ်ပျက်စီးမှုတွေ ဖြစ်နိုင်ပါတယ်။

(၄) သွားတိုက်တံ

သွားတိုက်တံကို ရေချိုးခန်းထဲမှာ မထားသင့်ပါဘူး။ ၂၀၁၂ ခုနှစ်က ပြုလုပ်တဲ့ သုသေသနတခုမှာ ရေချိုးခန်းမှာ အမြဲထားတဲ့ သွားတိုက်တံ တချောင်းဟာ ဘက်တီးရီးယား ၁၀သန်းကျော် တွယ်ကပ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် သွားတိုက်တံကို လေဝင်လေထွက်ရှိတဲ့ နေရာမှာထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ရေချိုးခန်းထဲမှာမှ ထားချင်တယ်ဆိုရင်တော့ အိမ်သာနဲ့ တွဲလျက်ရှိတဲ့ ရေချိုးခန်းမှာ မထားပါနဲ့။

Ref. Reader’s digest

You may also like these stories:

အိပ်ရာဝင်ခါနီး မပြုလုပ်သင့်တဲ့ အရာများ

ကားစီးတဲ့အခါ မလုပ်သင့်တဲ့ အပြုအမှုများ

နေ့စဉ်ပုံမှန်သန့်ရှင်းရေး လုပ်သင့်တဲ့ အိမ်သုံးပစ္စည်းများ

ရေခဲသေတ္တာထဲက အစားအစာတွေ အချိန်ကြာကြီး လတ်ဆတ်နေအောင်

Did you find apk for android? You can find new Free Android Games and apps.
Loading