အသက် ၇ နှစ်အရွယ်သာ ရှိသေးတဲ့ Ryan ဆိုတဲ့ ကောင်လေးဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ အသက် အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် စာရင်းမှာ နံပါတ် ၁ ကနေ ရပ်တည်နေပါတယ်။ YouTube Star တဦးဖြစ်တဲ့ Ryan ဟာ Ryan ToysReview ရဲ့ Founder တဦး ဖြစ်သလို YouTube Star တွေထဲမှာ ဝင်ငွေအကောင်းဆုံး YouTuber တဦးလည်း ဖြစ်ပါတယ်။
Ryan ToysReview ကို ၂၀၁၅ ခုနှစ်၊ မတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Ryan အသက် ၄ နှစ်သားလောက် ကတည်းက ကစားစရာအရုပ်တွေကို Review ပေးတဲ့ ဗီဒီယိုတွေကို YouTube မှာ တင်ခဲ့တာပါ။ ဒီလို ပြုလုပ်နိုင်ဖို့အတွက် အဓိက ကူညီ ပံ့ပိုးပေးနေသူကတော့ Ryan ရဲ့ မိဘတွေပဲဖြစ်ပြီး မိဘတွေရဲ့ ဆန္ဒထက် Ryan ညွန်းပေးချင်တဲ့ အရုပ်တွေကိုသာ Review ပေးဖို့ သူတို့က လက်ခံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
Ryan ပထမဦးဆုံးစတင် Review ပေးတဲ့ အရုပ်ကတော့ Pixar ကုမ္ပဏီက ထုတ်တဲ့ အမျိုးအစား ၁၀၀ ကျော်ပါတဲ့ Car Series ဖြစ်ပြီး YouTube မှာ အဲဒီဗီဒီယို တင်လိုက်ချိန်မှာ ကြည့်ရှုသူပေါင်း ၉၃၅ သန်းကျော်ရှိခဲ့ပါတယ်။
Reuters ရဲ့ စစ်တမ်းတွေအရဆိုရင်တော့ Ryanရဲ့Ryan ToysReview ဟာ ကလေးကစားစရာတွေကို ပထမဦးဆုံး Review ပေးတဲ့ Channel တခုဖြစ်တယ်လို့ သိရပြီး ကမ္ဘာတဝှမ်းက ကလေးငယ်တွေနဲ့ ကလေးမိဘတွေရဲ့ ယုံကြည်မှုကို ရရှိနေတဲ့ Channel တခုလည်း ဖြစ်ပါတယ်။
Ryan ဟာဆိုရင်တော့ အမေရိကန်မှာရှိတဲ့ ကစားစရာ အရုပ်ကုမ္ပဏီတွေနဲ့ အရုပ်ဆိုင်တွေရဲ့ ကစားစရာ ရေးပေးဖို့ကို ကမ်းလှမ်းခံနေရတာဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ကစားစရာ ကုမ္ပဏီပေါင်း ၂၅၀၀ ကျော်ရဲ့ ကမ်းလှမ်းခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။
Ryan ရဲ့ Ryan ToysReview Page ဟာဆိုရင် Follower ပေါင်း သန်း ၂၀ ကျော်ရှိပြီး လိုင်စင်ရ တီဗီ Channel တခုလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ Ryan ဟာ ကမ္ဘာ့အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သလို သန်းကြွယ် သူဌေးတဦးလည်း ဖြစ်ပါတယ်။
Ref. www.businessinsider.com
You may also like these stories:
ကိုယ်ပိုင် စီးပွားရေးတခုနဲ့ အောင်မြင်နေကြတဲ့ အသက်အငယ်ဆုံး စီးပွားရေးသမားများ