အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Petaluma မြို့မှာ နှစ်စဉ်နှစ်တိုင် းကျင်းပတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးအဖြစ် “Scamp the Tramp” ဆိုတဲ့ခွေးလေး အနိုင်ရရှိခဲ့ပါတယ်။
Petaluma မြို့မှာ ၃၁ ကြိမ်မြောက် ကျင်းပခဲ့တဲ့ Sonoma-Marin Fair မှာ ခွေးလေး Scamp ဟာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကျန်ခဲ့တဲ့နှစ်ကတော့ Runner-Up အဖြစ်သာ ရရှိခဲ့တာဖြစ်ပါတယ်။
ခန္ဓာကိုယ် သေးသေးကွေးကွေးနဲ့ အမွှေးတွေ လိမ်ကောက်နေတဲ့ Scamp ကို သူ့သခင်ဖြစ်သူ Yvonne Morones က လေလွင့်ခွေး ထိန်းသိမ်းရေးစခန်းကနေ ၂၀၁၄ ခုနှစ်မှာ မွေးစားခဲ့တာပါ။ Petfinder ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကနေ ရဲ့ဓာတ်ပုံကိုမြင်ပြီး မွေးစားချင်ခဲ့တာကြောင့် ချက်ချင်းဆိုသလို ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး Scamp နဲ့ သူနဲ့ဟာ အဖြစ်ချင်းလည်းတူတယ်လို့ သခင်ဖြစ်သူက ဆိုပါတယ်။
“ကျမ ဝိတ်အရမ်းတက်လာတုန်းက လူတွေဟာ ကျမကို တဖြည်းဖြည်းနဲ့ ရှောင်ဖယ်လာကြပြီး အထီးကျန်သလို ခံစားခဲ့ရပါတယ်။ လူ့အဖွဲ့အစည်းထဲက လူတော်တော်များများဟာ လူတယောက်ရဲ့အားနည်းချက်ကို ဖိပြီးပြောဆိုတတ်ကြသလို လျစ်လျှူရှုထားရတာကိုလည်း ဝါသနာပါပုံ ရပါတယ်။ Scamp ဟာ ဆိုရင်လည်း ခွေးရုပ်ဆိုးလေးဖြစ်တာကြောင့် သူ့ကို ဘယ်သူ့မှ မမွေးစားချင်ကြပါဘူး”
“ခွေးဂေဟာမှာ အမြဲလိုလို တကောင်တည်း ဖြစ်ကျန်နေတဲ့ Scamp ကို မြင်တာနဲ့ ချက်ချင်းကို အိမ်ခေါ်လာတာပါ။ ပြိုင်ပွဲမှာ Scamp အနိုင်ရရှိခဲ့တာကတော့ လူတွေက ရဲ့ပုန်းကွယ်နေတဲ့ အလှတရားတွေကို ရှာဖွေတွေ့ရှိသွားလို့ ဖြစ်ပါလိမ့်မယ်” လို့ Morones ကပြောပါတယ်။
Morones အနေနဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဆုငွေ ဒေါ်လာ ၁၅၀၀ ကို ရရှိမှာဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၁၅၀၀ ကိုတော့ လေလွင့်ခွေး ထိန်းသိမ်းရေးစခန်းကို လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ခွေးရုပ်ဆိုးလေးတွေကို နှိမ့်ချချင်တဲ့ဆန္ဒကြောင့် မဟုတ်ဘဲ ခွေးရုပ်ဆိုးလေးတွေကို လူတွေ များများမွေးစားချင်စေလိုတဲ့ ဆန္ဒကြောင့် ကျင်းပရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
Ref. voanews.com