နာမည်ကျော် အမှတ်တံဆိပ်တခုဖြစ်တဲ့ ကုမ္ပဏီဟာဆိုရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေကို ပြန်လည် အသုံးပြုပြီး အရေအတွက် သန်းချီတဲ့ ဖိနပ်တွေကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။
အခုလို ပြုလုပ်မယ့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာတည်းက အတိအလင်း ကြေညာခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်း တခုဖြစ်တဲ့ Parley နဲ့အတူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
သမုဒ္ဒရာတွင်းက စွန့်ပစ် ပလတ်စတစ် ပစ္စည်းတွေကို ချည်မျှင်အဖြစ် ပြုလုပ်ပြီး ဖိနပ်တွေရဲ့အပေါ်ယံမှာ အသုံးပြုတဲ့ ကုန်ကြမ်းအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ ထိရောက်တဲ့ နည်းပညာ အရင်းအနှီး စိုက်ထုတ်မှုတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ရာနှုန်းပြည့် ကုန်ကြမ်းအဖြစ် အသုံးချကာ ထုတ်လုပ်သွားမှာဖြစ်ပြီး ပရောဂျက် ကာလကိုတော့ ၂၀၂၄ ခုနှစ်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
“အခုလို ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ဖိနပ်တွေ ထုတ်လုပ်လိုက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်သလို ကမ္ဘာအနှံ့အပြားက ဝယ်ယူသုံးစွဲသူတွေ အနေနဲ့လည်း သက်သာတဲ့ ဈေးနှုန်း၊ မြင့်မားတဲ့ အရည်အသွေးကြောင့် စိတ်ကျေနပ်မှု ရရှိကြမှာ ဖြစ်ပါတယ်”လို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူ Eric Liedtke က အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။
Adidas ကုမ္ပဏီအနေနဲ့ နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ ဖိနပ်ကတော့ Golf ရိုက်ရာမှာစီးတဲ့ TOUR360 XT အမျိုးအစား ဖြစ်ပြီး ဒီဖိနပ်ကိုဆိုရင် ကမ်းခြေနဲ့ ကမ်းရိုးတန်းတွေဆီကနေ ရရှိတဲ့ စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကို အသုံးချကာ ဖိနပ်တရံလုံးကို အသုံးပြုထားတာ ဖြစ်ပါတယ်။
“ဒါဟာ ကျနော်တို့ ကုမ္ပဏီရဲ့ ပထမဆုံး ခြေလှမ်းအသစ်ပါ။ စွန့်ပစ်ပစ္စည်းတွေဆီကနေ အကောင်အထည်ဖော်ထားတဲ့ ပစ္စည်းတခုဆိုရင်လည်း မမှားပါဘူး။ အကြမ်းခံနိုင်စွမ်းကိုလည်း အဆင့်ဆင့် စမ်းသပ်ပြီး ကျေနပ်အားရမှုရှိတဲ့ ထုတ်ကုန်တခုလည်း ဖြစ်ပါတယ်” လို့ ကုမ္ပဏီရဲ့ဒါရိုက်တာတဦးဖြစ်သူ Masun Denison က ပြောပါတယ်။
Ref. moom-child.net
You may also like these stories:
ပလတ်စတစ် အမှိုက်တွေ ကောက်လာပေးရုံနဲ့ ကျောင်းလခ ပေးစရာ မလိုတဲ့ စာသင်ကျောင်း
ပလတ်စတစ်ထုပ်ပိုးမှု ရှောင်ကြဉ်သွားမှာ ဖြစ်ကြောင်း Samsung ပြောကြား
အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်