သိပ္ပံပညာရဲ့တိုးတက်မှုနဲ့အတူ ၂၀၁၉ ခုနှစ်ဟာဆိုရင်လည်း ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တနှစ်ပဲ ဖြစ်ပါတယ်။ ပြင်သစ်အခြေစိုက်ကုမ္ပဏီတခုကတော့ လေလည်တဲ့အခါ ထူးဆန်းတဲ့အမွှေးနံ့ရအောင် ကူညီပေးနိုင်တဲ့ ဆေးတမျိုးကို တီထွင်ထုတ်လုပ်လိုက်ပါပြီ။
ကမ္ဘာကျော်ရေမွှေးတမျိုးဖြစ်တဲ့ David Coolwater ရဲ့အနံ့ကို မီနိုင်မှာမဟုတ်ပေမယ့် ကျဉ်းထဲကြပ်ထဲအချိန်တွေ မှာတော့ ယုံကြည်မှုရှိစေနိုင်မှာဖြစ်တယ်လို့ ဆေးကိုထုတ်လုပ်တဲ့ Lutin Malin ကဆိုပါတယ်။
ဆေးကိုဖော်စပ်တီထွင်သူကတော့ စအိုအထူးကုဆရာဝန်တဦးလည်း ဖြစ်သလို သိပ္ပံပညာရှင်လည်းဖြစ်တဲ့ Christian Poincheval ဆိုသူဖြစ်ပြီး ဆေးအာနိသင်ဟာ တယောက်နဲ့တယောက်တူညီမှာ မဟုတ်ဘဲ နှင်းဆီ ဒါမှမဟုတ် ချောကလက်အနံ့တွေအပြင် တခြားမွှေးရနံ့တခုခုလည်း ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဆေးထုတ်လုပ်တဲ့ Lutin Malin ရဲ့Website မှာတော့ ဒီပရောဂျက်ကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဆေးမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးဟာ ဓာတုပစ္စည်းတွေမဟုတ်ဘဲ သဘာဝထွက်ကုန်တွေနဲ့သာ ပြုလုပ်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆေးရဲ့အာနိသင်ဟာ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်နေတယ်လို့လည်း ဖြည့်စွက်ဖော်ပြထားပါသေးတယ်။
ဒီဆေးဟာဆိုရင်တော့ ၂၀၀၇ ခုနှစ်နောက်ပိုင်းလောက်တည်းက ဈေးကွက်ထဲကို ရောက်ရှိခဲ့တာဖြစ်ပြီး ကုမ္ပဏီမှတ်တမ်းတွေအရ ဝယ်ယူသုံးစွဲတဲ့ ဝယ်လိုအားများပြားခဲ့ကြောင်းသိရပါတယ်။ ဆေးကိုသုံးစွဲချင်တယ်၊ ကြည့်ရှုလေ့လာချင်တယ်ဆိုရင်တော့ ကုမ္ပဏီရဲ့တရားဝင် Website အပြင် Amazon မှာပါ ဆေးအလုံး ၆၀ ကို ပေါင် ၂၀ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ဆေးကို တီထွင်ထုတ်လုပ်ဖို့ စိတ်ကူးရရှိခဲ့ပုံနဲပက်သက်ပြီး Telegraph နဲ့အင်တာဗျူးမှာ Poincheval က “ ကျနော်တို့ အနေနဲ့ ညစာပါတီပွဲတွေတက်နေရချိန်မှာ လေလည်ဖို့ဆိုတာဟာ အားနာစရာကိစ္စတခုပဲဗျ၊ ကိုယ်တိုင်ကြုံဖူး သူတွေ လည်း သိလောက်မယ့် အခက်အခဲပေါ့၊ ထိန်းချုပ်ထားရတဲ့ ကိစ္စက တော်တော်အောင့်သီးအောင့်သက်ဖြစ်ရတဲ့ ကိစ္စပါ၊ ဒီလိုနဲ့ပဲ ဒီဆေးကို ကျနော်တီထွင်ဖြစ်ခဲ့တာပါ” လို့ ဖြေကြားခဲ့ပါတယ်။
Ref. truththeory.com
You may also like these stories:
ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေကို Recycle ပြုလုပ်ပြီး ဖိနပ်တွေ ထုတ်လုပ်မယ့် Adidas
ဂင်းနစ် မှတ်တမ်းဝင်တော့မယ့် ကမ္ဘာ့အရှည်ဆုံး Water Slide
တနှစ်ကို ကန်ဒေါ်လာ ၂၂ သန်းကျော် ဝင်ငွေရှိတဲ့ အသက် ၇ နှစ်အရွယ် ကောင်လေး
အသားညိုသူတွေအတွက် အသားအရေ ကြည်လင်စေမယ့် ပေါင်းတင်နည်း ၅ မျိုး