၂ နှစ် အရွယ်သာရှိသေးတဲ့ ကလေး တယောက်ဟာ မိချောင်းတွေ မွေးမြူထားတဲ့ ခြံထဲပြုတ်ကျ ခဲ့ပြီးတဲ့ နောက် မိချောင်းစာဖြစ်သွားခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ ဖြစ်ခဲ့တာပါ။
“ကလေးမလေးရဲ့ ဖခင်က ကလေးကို ပထမဆုံး တွေ့ရှိခဲ့သူဖြစ်ပြီး တွေ့ရှိချိန်မှာတော့ ဦးခေါင်းပိုင်းသာ ကျန်ပါတော့တယ်” လို့ Siem Reap မြို့ ရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ Chem Chamnan က ပြောပါတယ်။
ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်တဲ့ OchSophen ကလည်း “ကလေးမလေးက သူ့အမေနဲ့ အတူအိမ်မှာရှိနေတာပါ။ အမေကလည်း နောက်ထပ်မွေးထားတဲ့ ကလေးတယောက်နဲ့ အလုပ်ရှုပ် နေတဲ့အချိန် သမီးအကြီးဖြစ်သူက အိမ်ကနေပျောက်သွားခဲ့ပါတယ်။ မနက်ပိုင်း ၁၀ နာရီလောက် သူ့အဖေအိမ်ပြန်ရောက်ချိန်မှာတော့ ကလေးကိုမတွေ့ရတော့ပါဘူး”
” အဲဒါနဲ့ လိုက်ရှာကြည့်တဲ့ အခါ သူတို့မွေးမြူထားတဲ့ မိချောင်းခြံထဲပြုတ်ကျပြီး မိချောင်းစားတာ ခံလိုက်ရပါတယ်။ တွေ့ရှိချိန် မှာတော့ ကလေးရဲ့ ဦးခေါင်းပိုင်းလောက်သာ ကျန်ပါတော့တယ်” လို့ ပြောပါတယ်။
ကလေးမိဘတွေဟာ သူတို့နေထိုင်ရာနေအိမ်နဲ့ မိကျောင်းတွေအကြားမှာ စည်းရိုးခတ်ထားပေမယ့် ကလေးမလေးက စည်းရိုးကိုကျော်ပြီး မိကျောင်းခြံထဲ ဝင်ရောက်သွားခဲ့လို့ အခုလိုအဖြစ်အပျက် တွေကို ကြုံရတာပဲ ဖြစ်ပါတယ်။
“သူတို့မွေးမြူထားတဲ့ မိကျောင်းတွေက အိမ်ရဲ့ နောက်ကျောဘက်မှာ ရှိပါတယ်။ အမေ ဖြစ်သူ ကလည်း နောက်ထပ်မွေးထားတဲ့ ကလေးကို ဂရုစိုက်နေတုန်း သမီးကြီးဖြစ်သူက အိမ်အပြင်ထွက် ကစားရင်း မိကျောင်းခြံထဲ ရောက်သွားခဲ့ပါတယ်။ သူမက ဒီနေရာမှာ မွေးခဲ့သူလည်း ဖြစ်ပါတယ်” လို့ ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။
ကလေးရဲ့ကျန်နေတဲ့ ဦးခေါင်းကို အိမ်ယူသွားတဲ့အခါမှာတော့ မိခင်ဖြစ်သူဟာ ဦးခေါင်းကိုပွေ့ဖက် ထားရင်း သတိလစ်သွားခဲ့ပါတယ်။ အဲဒီသတင်းကို ကြားပြီးတဲ့ နောက်မှာတော့ လူတွေ အားလုံး လည်း Shock ရသွားခဲ့ကြသလို သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဆိုရှယ်မီဒီတွေပေါ်မှာ ဖော်ပြခဲ့ကြ ပါတယ်။
တချို့တိရစ္ဆာန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ရှိတာကြောင့် အဲဒီလို ပတ်ဝန်းကျင် မျိုးတွေမှာ ကလေးတွေ မရှိသင့်တဲ့ အကြောင်းကိုလည်း ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံသား အများစုက မိကျောင်းမွေးမြူလေ့ရှိကြပါတယ်။ အသက် ၅၂ နှစ် အရွယ်ရှိ ပြီဖြစ်တဲ့ Cham Leap ဆိုသူကလည်း မိကျောင်းမွေးမြူသူ တယောက်ပါ။ သူမအနေနဲ့ သူ့ မိသားစုဝင်တွေ မိကျောင်းခြံဘက်ကိုမသွားဖို့ နေ့စဉ် စောင့်ကြည့်နေရကြောင်း ပြောပါတယ်။ သူမကလည်း မိကျောင်းတွေမွေးမြူထားတဲ့ နေရာတလျှောက် ကလေးတွေမဝင်နိုင်အောင် ခြံစည်းရိုး ခတ်ထားကြောင်း ပြောပါတယ်။
“မိကျောင်းတွေကို ကျမကလွဲပြီး ဘယ်သူ့ကိုမှ အစာမကျွေးခိုင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ မိကျောင်းခြံထဲ မတော်တဆ ပြုတ်ကျသွားမှာစိုးတဲ့ အတွက်ကြောင့်ပါ။ အထူးသဖြင့်ကတော့ အသက်ငယ်တဲ့ ကလေးတွေဆို မိကျောင်းခြံ အနား အကပ်မခံသလို မိကျောင်းတွေကို လာကြည့်တာမျိုးကိုလည်း လက်မခံပါဘူး” လို့ ဆိုပါတယ်။
Ref:bangkokpost
You may also like these stories:
ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေကို Recycle ပြုလုပ်ပြီး ဖိနပ်တွေ ထုတ်လုပ်မယ့် Adidas
စတန့်ပြကွက် ပြုလုပ်ရင်း ရေနစ်သေဆုံးသွားတဲ့ အိန္ဒိယ စတန့်သမား
အလှအပအတွက် မျက်တောင်ဆက်ရာကနေ မျက်လုံးကွယ်မလို ဖြစ်ခဲ့တဲ့ အမျိုးသမီး
အက်ဆစ်နဲ့ အပက်ခံရတဲ့ မိန်းကလေးတွေ ဖွင့်လှစ်ထားတဲ့ အိန္ဒိယက ကော်ဖီဆိုင်