ပလတ်စတစ်ကို အသုံးဝင်ပစ္စည်းအဖြစ် ပြောင်းလဲနိုင်တဲ့ ဘက်တီးရီးယားကို ကျောင်းသူနှစ်ဦး တီထွင်
ပလတ်စတစ်ပစ္စည်းတွေဟာ ယနေ့ခေတ်မှာ အသုံးအများဆုံးနဲ့ စွန့်ပစ်မှု အများဆုံးဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို တနေ့တခြား ထိခိုက်လာနေပါတယ်။ ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုကို လျှော့ချနိုင်ဖို့ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြိုးစားနေကြချိန်မှာ ကျောင်းသူနှစ်ဦးကတော့ ပလတ်စတစ်တွေကို အသုံးဝင်တဲ့ ဓာတုပစ္စည်းနဲ့ ရေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို တီထွင်ဖန်တီးနိုင်လိုက်ပါပြီ။
သူတို့နှစ်ဦးကတော့ အသက် ၂၁ နှစ်အရွယ်၊ Jeanny Yao နဲ့ အသက် ၂၂ နှစ် အရွယ် Miranda Wang တို့ပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေကို မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဘက်တီးရီးယားတွေဟာဆိုရင် ကုန်ထုတ်လုပ်မှုအတွက် အသုံးဝင်တဲ့ ဓာတုပစ္စည်းတွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
တီထွင်ဖန်တီးလိုက်တဲ့ ဘက်တီးရီးယားတွေဟာ ပလတ်စတစ်တွေမှာ ပါဝင်တဲ့ ပိုလီမာတွေကို ဓာတုဗေဒနည်းအရ ဖျက်ဆီးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်တဲ့ အော်ဂဲနစ်ကွန်ပေါင်းတွေကို ရရှိစေနိုင်မှာပါ။ သဘာဝအော်ဂဲနစ် ကွန်ပေါင်းတွေကမှတဆင့် ကုန်ကြမ်းပစ္စည်းတွေ ထုတ်လုပ်ဖို့အထိ ဘက်တီးရီးယားတမျိုးဖြစ်ပြီး ဒီဘက်တီးရီးယားတွေကို ဖန်တီးထားတဲ့ ကျောင်းသူနှစ်ဦးဟာဆိုရင်တော့ လက်ရှိမှာ နိုင်ငံတကာက ပေးအပ်တဲ့ ဆုပေါင်းများစွာကို ချီးမြှင့်ခံံနေရပါတယ်။
ဒါ့အပြင် Pennsylvania တက္ကသိုလ်က ပညာသင်စရိတ် ချီးမြှင့်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၃ သိန်းကို ပေးအပ်ခဲ့တာပြီး လတ်တလောမှာတော့ Silicon Valley ကို ပြောင်းရွှေ့ပြီး နောက်ထပ် စူးစမ်းလေ့လာမှုတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ပလတ်စတစ်ပစ္စည်းတွေကို Recycle ပြုလုပ်ပြီး ပြန်လည် အသုံးပြုဖို့ဆိုရင် နည်းပညာ အကူအညီတွေ ရယူရမှာဖြစ်ပြီး Jeanny နဲ့ Miranda တို့ရဲ့ တီထွင် ဖန်တီးလိုက်နိုင်မှုကတော့ ကမ္ဘာတဝှမ်း ကြုံတွေ့နေရဆဲဖြစ်တဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးလိုက်နိုင်တာလို့လည်း ပြောလို့ရပါတယ်။
သူတို့နှစ်ဦး ဖန်တီးတီထွင်လိုက်တဲ့ ဘက်တီးရီးယားဟာ ပြီးပြည့်စုံတဲ့ အဆင့်ထိရောက်ဖို့ နောက်ထပ် အချိန် ၂ နှစ်ကျော်ကြာ ပြုပြင်ထိန်းသိမ်းရဦးမှာဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။
Ref. moon-child.net
You may also like these stories:
ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေကို Recycle ပြုလုပ်ပြီး ဖိနပ်တွေ ထုတ်လုပ်မယ့် Adidas
ဂျပန်နိုင်ငံက Nara သမင်များ ပလတ်စတစ် အန္တရာယ်ကြောင့် အသက်ဆုံးရှုံးနေရ
ကွမ်းသီးပင်၏ အဖက်အလက်များ ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်း အဖြစ်ဖန်တီး
ပလတ်စတစ်အမှိုက်ကို အသုံးပြုပြီး ကလေးတွေအတွက် ခုံတွေ ပြုလုပ်ပေးတဲ့ အင်ဂျင်နီယာ