အခုခေတ်မှာတော့ အိမ်မှာနေရင်း အပြင်ထွက်စရာမလိုဘဲ ကိုယ်လိုချင်တာကို အွန်လိုင်းကတဆင့် မှာယူလို့ရ နေပါပြီ။ အစားအသောက်၊ အဝတ်အစား၊ အိမ်သုံးပစ္စည်းတွေထိ ထိုင်ရာက ထစရာမလိုဘဲ ခလုတ်တချက်နှိပ် လိုက်ရုံနဲ့ အချိန်မကုန်ဘဲ ဝယ်ယူနိုင်လို့ အဆင်ပြေတယ်ဆိုပေမယ့် တချို့ပစ္စည်းတွေကတော့ အွန်လိုင်းက ဝယ်တာထက် အပြင်မှာ ကိုယ်တိုင်သွားဝယ်တာက ပိုအဆင်ပြေစေပါတယ်။
အိမ်သုံးပရိဘောဂပစ္စည်းတွေကို အွန်လိုင်းက ဝယ်တာထက် အပြင်မှာသေချာကြည့်ပြီး ဝယ်တာက ကိုယ့်လို အပ်ချက်နဲ့ အနီးစပ်ဆုံး ကိုက်ညီပါတယ်။ အွန်လိုင်းက ဝယ်တာ အချိန်ကုန်သက်သာတယ်ဆိုပေမယ့် ကိုယ်လိုချင်တဲ့ပစ္စည်းအတိုင်း ကွက်တိကျဖို့ ခဲရင်းပါတယ်။ ဒါကြောင့် ပရိဘောဂတွေဝယ်မယ်ဆိုရင် မဝယ်ခင် အွန်လိုင်းမှာသေချာရှာပြီး ကြိုက်တာတွေ့ရင် အပြင်မှာမျက်မြင်သွားဝယ်လိုက်တာက အဆင်ပြေဆုံးပါပဲ။
တနေ့ကို ၈ နာရီနီးပါးလောက် အိပ်စက်အနားယူရတာမလို့ အောက်ခံမွေ့ရာကလည်း အဆင်ပြေဖို့ လိုပါတယ်။ အွန်လိုင်းမှာ ကြော်ငြာထားတာတွေ့လိုက်ရုံနဲ့ အလွယ်တကူ မဝယ်လိုက်ပါနဲ့။ ကိုယ်တိုင်သွားကြည့်လေ့လာပြီးမှ အကောင်းဆုံးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဆိုင်မှာ လူကိုယ်တိုင်သွားဝယ်ရင် ကိုယ်သိချင်တာဆိုလည်း အရောင်းဝန်ထမ်းကို မေးမြန်းနိုင်ပါတယ်။
အိမ်သုံးပစ္စည်းတွေဆိုလည်း အွန်လိုင်းက ဝယ်တာထက် အပြင်မှာ သေချာမျက်မြင်ရွေးပြီး ဝယ်တာက ပိုကောင်းပါတယ်။ အရောင်၊ အရည်အသွေးကအစ အွန်လိုင်းမှာ ကြော်ငြာထားတာကိုကြည့်ရုံနဲ့ သေချာမသိနိုင်ပါဘူး။ ဒါ့ ပြင် အွန်လိုင်းက ဝယ်လိုက်ပြီးမှ အိမ်ရောက်လို့ စက်က မကောင်းရင် တခါပြန်လဲ မဟုတ်လို့ ပြန်လဲလို့မရတဲ့ ပစ္စည်းတွေဆို ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။
တခါမှ စမ်းမသုံးဘူးတဲ့ အလှကုန်ပစ္စည်းတွေကို အွန်လိုင်းကမဝယ်ပါနဲ့။ အရည်အသွေးကောင်းတယ်၊ အဆင် ပြေတယ် ပြောကြားလည်း ပါဝင်တဲ့ ပစ္စည်းအတိအကျကိုမ သိတာမလို့ ကိုယ်နဲ့အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ Sensitive အသားရေတွေအတွက်ဆို ပိုလို့ တောင် အွန်လိုင်းက မဝယ်သင့်ပါဘူး။ ဆိုင်မှာပဲ သေချာစမ်းသုံး ကြည့်ပြီးမှ ဝယ်ပါ။
အလှကုန်ပစ္စည်းလိုပဲ ကိုယ်မဝတ်ဘူးတဲ့ အဝတ်အစားတွေကိုလည်း အွန်လိုင်းက မဝယ်သင့်ပါဘူး။ အဝတ်အစားတွေက တံဆိပ်ပေါ်မူတည်ပြီး ဆိုဒ်အမျိုးမျိုးကွာတတ်လို့ ဝယ်လေ့မရှိတဲ့ တံဆိပ်မျိုးဆို ဆိုင်မှာပဲသေချာ ရွေးဝယ်ပါ။ ဖိနပ်ဆိုလည်း ဆိုဒ်ကို ကိုယ်နဲ့ကွက်တိဖြစ်အောင် ဆိုင်မှာပဲ သေချာရွေးဝယ်ပါ။ အွန်လိုင်းက မှာတာတွေက ဆိုဒ်ကွက်တိကျရင်တောင် ကိုယ်နဲ့အဆင်ပြေဖို့ ခက်ပါတယ်။
Ref: Reader’s Digest
You may also like these stories:
ရေချိုးခန်းထဲမှာ မထားသင့်တဲ့ ပစ္စည်းများ
သင့်ရဲ့ ဝိုင်ဖိုင်ကို နှေးအောင် လုပ်နေတဲ့ အိမ်တွင်းပစ္စည်းများ
ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများ