ပစ္စည်းမျိုးစုံကို အွန်လိုင်းကနေ အလွယ်တကူမှာလို့ရတဲ့ Amazon Online Shop မှာ အိမ်သုံးပစ္စည်း၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ ပရိဘောဂ၊ အစားအသောက်၊ စာအုပ်ကအစ၊ ထူးထူးဆန်းဆန်းပစ္စည်းတွေအစုံ တနေ ရာတည်းမှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒီထဲကမှ တဒေါ်လာအောက် ပစ္စည်းသေးသေးမွှားမွှားလေးတွေလည်း မှာလို့ရပါတယ်။
ဘယ်လိုပစ္စည်းလေးတွေဖြစ်မလဲ ကြည့်ရအောင်။
Beauty Blender
မိတ်ကပ်လိမ်းတဲ့ Makeup Sponge ထဲမှာမှ တချို့ဆို ၁၅ ဒေါ်လာလောက်ထိရှိပေမယ့် ဒီဇိုင်းစုံ လေးမျိုးပါ ဒီအထုပ်လေးကတော့ ၅၉ ဆင့်ပဲ ကျသင့်ပါတယ်။
Car Vent Duster
ကားသန့်ရှင်းရေးလုပ်တဲ့ ဖုန်သုတ်တံလေးကတော့ ကားအတွင်းပိုင်းထိ သန့်ရှင်းတောက်ပြောင်သွားအောင် စွမ်း ဆောင်နိုင်ပါတယ်။ Amazon ကမှာရင် ၉၀ ဆင့်ပဲရှိတာမို့ အပြင်က ဆိုင်တွေမှာ ဈေးကြီးပေးဝယ်နေစရာ မလို တော့ပါဘူး။
Bottle Opening Ring
အချိုရည်၊ ဘီယာပုလင်းတွေကို အလွယ်တကူဖောက်လို့ရတဲ့ လက်စွပ်ကွင်းလေးပါ။ ဘယ်နေရာသွားသွား အလွယ်တကူယူသွားလို့ရလို့ အဆင်ပြေတဲ့အပြင် ဈေးနှုန်းကလည်း ၈၆ ဆင့်ပဲရှိပါတယ်။
Ice Cube Mold
ရေခဲတုံးလေးတွေကို စာလုံးပုံစံဖော်ပေးမယ့် ရေခဲခွက်ပုံစံဆန်းလေးပါ။ ရေခဲအပြင် တခြားမုန့် လုပ်တဲ့နေရာမှာ လည်း အသုံးဝင်ပါတယ်။
Pencil Case
ခဲတံထည့်တဲ့ အဝတ်အိတ်လေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာပုံလေးတွေ အများကြီးရွေးစရာရှိပါတယ်။ ကျောင်းဖွင့်အမီ ဝယ်ချင်တယ်ဆိုရင် တအိတ်မှ ၃၅ ဆင့်ပဲ ကျသင့်ပါတယ်။
Portable Mini Fan
နွေရာသီမှာ အဆင်ပြေမယ့် အလွယ်တကူဆောင်သွားလို့ရတဲ့ ပန်ကာအသေးစားလေးပါ။ USB ပေါက်နဲ့မို့ ကား ထဲမှာသုံးမလား၊ Power Bank နဲ့ပဲ တွဲသုံးမလား အဆင်ပြေတဲ့အပြင် ဘယ်နေရာသွားသွား ယူသွားလို့ရပါတယ်။
Toiletry Bag
ခရီးသွားမယ်ဆိုရင် ရေချိုးခန်းသုံးပစ္စည်းတွေကို တစုတစည်းတည်း ထည့်သယ်သွားလို့ရတဲ့ ခရီးဆောင်အိတ် လေးပါ။ ဒါ့ပြင် အတွင်းခံတွေနဲ့ ခြေအိတ်တွေထည့်သွားချင်လည်း အဆင်ပြေပါတယ်။
Makeup Storage
အလှပြင်ပစ္စည်းတွေကို မှန်တင်ခုံပေါ်မှာ ပွစာကြဲမနေဘဲ စနစ်တကျလေးထည့်ထားလို့ရတော့ အဆင်ပြေစေပါတယ်။ အရောင်စုံ ဒီဇိုင်းစုံတဲ့အပြင် ၆၉ ဆင့်ပဲရှိလို့ ဈေးတန်ပြီး အသုံးဝင်ပါတယ်။
Ref: Reader’s Digest
You May Also Like These Stories:
အအိပ်အစား မက်နေပါက ဓာတ်လိုက်စေမယ့် လက်ပတ်ကို Amazon စတင်ရောင်းချ
ဒေါ်လာ ၉၀ တန် Echo Show 5 ကို Amazon မိတ်ဆက်
တကိုယ်လုံး 3D Scan ဖတ်ခွင့်ပေးရင် ၂၅ ဒေါ်လာတန် လက်ဆောင်ကတ်ပေးမယ်လို့ Amazon ကြေညာ