အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်၊ Lufkin မြို့ရဲဌာနဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ဟာသ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး အမျိုးသမီးတဦးကို တရားစွဲဆိုထားပါတယ်။
အဲဒီဗီဒီယိုမှာ အမျိုးသမီးတဦးဟာ စူပါမားကတ်တခုရဲ့ ရေခဲသေတ္တာထဲက ရေခဲမုန့်ဘူးကို ယူပြီး မျက်နှာပြင်ကို လျှာနဲ့ လျက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီလို အပြုအမူ တင်မကဘဲ အဲဒီရေခဲမုန့်ကို ရေခဲသေတ္တာထဲကို ပြန်ပြီး ထည့်ခဲ့တာ ဖြစ်ပါတယ်။ စုံထောက်တွေရဲ့ ပြောကြားချက်အရ အဆိုပါ သံသယရှိသူ အမျိုးသမီးဟာ San Antonio အပိုင်းမှာ နေထိုင်သူ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ရဲတွေကတော့ သူ့နာမည်ကို ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။
အဲဒီ အမျိုးသမီးဟာ စားစရာကို အခုလို လျှာနဲ့ လျက်ခြင်းကြောင့် တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ ဒီဗီဒီယိုပေါ်ထွက်လာပြီး နောက်ပိုင်းမှာတော့ ရဲတွေဟာ သံသယရှိသူ အမျိုးသမီးကို ချက်ချင်း လိုက်လံရှာဖွေခဲ့ပါတယ်။ သံသယရှိသူ အမျိုးသမီးကို ဖမ်းဆီးရမိပြီးနောက်မှာတော့ သူ့ကို စားသောက်ကုန်ဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ရေခဲမုန့် ကုမ္ပဏီဖြစ်တဲ့ Blue Bell ကတော့ သူတို့ရဲ့ စားသောက်ကုန်ကို အခုလို ဆော့ကစား လက်ခံစရာ အကြောင်း လုံးဝ မရှိကြောင်းပြောဆိုခဲ့ပါတယ်။ ဒီလို ပြုမူခဲ့မှုကြောင့် အဲဒီ အမျိုးသမီးဟာ ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဒေသခံရဲဌာနက ပြောခဲ့ပါတယ်။
အဲဒီဗီဒီယိုဟာ တွစ်တာမှာ ကြည့်ရှုသူ ၁၃ သန်းကျော် ထိရှိခဲ့ပြီး အစားအသောက်ကို အခုလို ဆော့ကစားတာဟာ ရူးသွပ်မှုဖြစ်ကြောင်းနဲ့ သူတို့ လျှာနဲ့ လျက်ခဲ့တဲ့ ရေခဲမုန့်ကို ဝယ်မိသူရှိခဲ့ရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ကြောင့် မှတ်ချက်တွေ ပေးထားကြပါတယ်။
Ref. cbsnews.com
You may also like these stories:
ပင်လယ်တွင်းမှ အပင်နှုတ်ယူမှုဖြင့် တရုတ်အမျိုးသား ဧည့်လမ်းညွှန်တဦး ဖမ်းဆီးခံရ
လူမဟုတ်ဘဲ အရာဝတ္ထုပစ္စည်းတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပုဂ္ဂိုလ်များ
တနိုင်တပိုင် အမှိုက်ကောက်ရာကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဖြစ်လာတဲ့ မိန်းကလေး
ဈေးဝယ်နေတဲ့ သမီးကို စောင့်ဖို့ လေယာဉ်ထွက်ချိန် နှောင့်နှေးအောင် လုပ်ခဲ့တဲ့ အမျိုးသမီး